natureMay 12, 20121min73541
  ခုတလောရွာထဲမှာ ဆူနေကြတဲ့ကားပါမစ်အကြောင်းရေးချင်ပေမဲ့ ဇာတ်ထဲက လူရွှင်တော်တွေ ပြောသလို အားရပါးရကချင်ပါသော်လည်း ကျန်းမာရေးက မကောင်းဆိုသလို တခါတလေပို့စ်တင်ချင်စိတ်ကလေးများဖြစ်လာသော်လည်း ကွန်နက်ရှင်ကမကောင်း သောကြောင့် မတင်ဖြစ်ခဲ့ပါ။ အခုတလော 2007 အထက်ကားတွေ ပါမစ်မလိုတော့ဘူးဆိုလို့ကားဈေးတွေ ပြုတ်ကျပြီး ကားပွဲစားတွေ ဝယ်ရောင်းတွေ အကြီးအကျယ်ရှုံးကြပါတယ်။ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုတဲ့မေးခွန်း ရွာသားများ ဖြေဆိုကြစေလိုပါတယ်။   ကားဟောင်းတွေဖျက်ရမယ်ဆိုတဲ့သတင်းထွက်လာချိန်မှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကားအိုကားဟောင်းပိုင်ရှင်တွေဟာ နိုင်ငံတော်ကစေတနာနဲ့ ကားပါမစ်စံနစ်ပြောင်းလိုက်တဲ့အတွက် ငိုရာမှ ရီနိုင်လာကြပြီးစင်ပေါ်ရောက်သွားကြပါတယ်။ ဖျက်ကားတွေရဲ့ဈေးကပိုလို့တောင်ကောင်းနေတော့ တချို့ဆိုကားကိုဖျက်ရမဲ့အချိန် ဈေးကောင်းရောင်းရမဲ့အချိန်ကိုတောင်မျှော်လင့်စောင့်စားနေရပါတယ်။ အဲ ဒီကြားထဲမှာသတင်းဦးသွားတဲ့ကုန်သည်တွေကတော့ မြက်မြက်ကလေးစားလိုက်ကြရပါတယ်။   ခုဒီတခေါက်မှလည်း ပစောက်နံပါတ်တွေပြီးရင်ခဏနားမယ်ဆိုတဲ့သတင်းတွေထွက်လာတော့ ကုန်သည်တွေ အကြိုက်ပေါ့။ ဈေးကတော့ ကျိမ်းသေတက်ပြီဆိုပြီး ကုန်သည်တိုင်းတွက်ထားကြပါတယ်။ ဒီတွက်ကိန်းနဲ့အတူ ကားပါမစ်ဈေးတွေဟာလည်း ကုန်သည်တွေရဲ့ တွက်ကိန်းအတိုင်း တရိပ်ရိပ်တက်လာပါတယ်။ ၁၃၅-၁၄ဝ သိန်းလောက် ရှိတဲ့ပါမစ်တွေ ၁၅ဝသိန်း […]