manawphyulayJuly 16, 20101min822
လူတိုင်းလူတိုင်းမှာစိတ်ကူးယဉ်မှုဆိုတာရှိကြပါတယ်။ဒါပေမယ့်လူတော်တော်များများဟာ  “စိတ်ကူးယဉ်” မှုမှာပဲရပ်တန့်နေကြပါတယ်။ကမာ္ဘပေါ်မှာရှိတဲ့တိုးတက်မှုအားလုံးနဲ့  နည်းပညာတိုးတက်မှုတွေ၊အသစ်ဆန်းတွေအားလုံးဟာ စိတ်ကူးမှပေါက်ဖွား လာကြတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ကမာ္ဘလောကအာကာသကြီးမှာ အားလုံးပြည့်စုံစွာရှိနှင့်ပြီးသားပါ။ရှိပြီးသားအရာများကိုလူတွေက ရှာဖွေအကောင်ထည်ဖော်ရခြင်းပင်ဖြစ်ပါတယ်။ဥပမာဗျာ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ကုလားထိုင်တစ်လုံးရဲ့ပုံပန်းသဏ္ဍာန်ဆိုပါစို့ ကျွန်တော်တို့လူတွေ မဖန်တီးခင်က ကမာ္ဘလောကအာကာသကြီးထဲမှာ ရှိပြီးသားပါ။ဒါကိုလူတွေရှာဖွေဖော်ထုပ် အကောင်အထည်ပုံဖော်ရခြင်းဖြစ်ပါတယ်။နောက်ထပ် ဥပမာဗျာ အောက်စီဂျင်၊ဟိုက်ထရိုဂျင်၊နိုက်ထရိုဂျင်၊အင်တာနက်ကွန်ယက်စသဖြင့်ပေါ့ဗျာ ကမာ္ဘလောအာကာသကြီးထဲမှာရှိနေနှင့်ပြီးသားကို ကျွန် ်တော်တို့လူတွေကရှာဖွေဖော်ထုပ် အမည်နာမပေးရခြင်းပဲဖြစ်ပါတယ်။လူတွေရှာဖွေဖော်ထုပ်ကမာ္ဘလောကကြီးမှာမကုန်နိုင်တဲ့နည်းပညာတွေ၊ရုပ်ပိုင်း ဆိုင်ရာပုံပန်းသဏ္ဍာန်တွေမကုန်းဆုံးနိုင်စွာတည်ရှိနေတာဧကန်မုချပါ။အဲဒါတွေဘယ်ကနေစတင်တွေ့ရှိလည်း..သေချာပါတယ်စိတ်ကူးကနေစတင် တွေ့ရှိကာတွေးခေါ်ခြင်းမှ လက်တွေ့အကောင်ထည်ဖော်နိုင်မှုပင်ဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက စိတ်ကူးယဉ်မှုဆိုတာမှ ဖြစ်နိုင်၏မဖြစ်နိုင်၏မှန်နိုင်၏မမှန်၏ဆိုတဲ့ အတွေးခေါ်ဖြင့်ဆင်ခြင်သုံးသပ်ကာလက် တွေ့အကောင်ထည်ဖော်ခြင်းမှရရှိလာသောအကျိုုးများပင်ဖြစ်သည်ကို ချပြလိုခြင်းဖြစ်ပါသည်။ ကျွန်တော်အပိုင်းသုံးပိုင်းခွဲ၍တင်ပြပါမည်။ စိတ်ကူးယဉ်ခြင်း။       ။စိတ်ကူးယဉ်ခြင်းဆိုသည်မှာ မိမိအားလပ်တဲ့အချိန်များမှာမိမိဖြစ်ချင်၊မိမိသိချင်စိတ်ဝင်စားသောအကြောင်းအရာများကိုစိတ်ကူး ယဉ်ခြင်းပင်ဖြစ်ပါသည်။စိတ်ကူးထဲမှာပင်ပျော်ရွှင်ကြည်နူးမှု၊ဝမ်းနည်းမှုတဝဲလည်လည်နေခြင်းကို “စိတ်ကူးယဉ်”ခြင်းလို့ခေါ်ပါသည်။ အတွေးအခေါ်။         ။အတွေးအခေါ်ဆိုသည်မှာ မိမိစိတ်ကူးယဉ်ထားခြင်းမှ နောက်တစ်ဆင့်တက်ကာ ဖြစ်နိုင်၏မဖြစ်နိုင်၏ ကောင်းကျိုးနှင့်ဆိုကျိုးများ ရရှိလာမည့်ရလဒ်များကို တွက်ချက်ကာချရေးပြီး စနစ်တကျစိစစ်တွေးခေါ်ခြင်းကို “အတွေးအခေါ်” ဟုခေါ်ပါသည်။ လက်တွေ့အကောင်ထည်ဖော်ခြင်း။            ။လက်တွေ့အကောင်ထည်ဖော်ခြင်းဆိုသည်မှာ စိတ်ကူးယဉ်ခြင်းမှစနစ်တကျတွေးခေါ်တွက်ချက်ချရေးထား သောအစီစဉ်များကို စတင်၍ဇွဲလုံ့လဝီရိယနှင့်ငွေကြေးမြုပ်နံကာ လက်တွေ့အကောင်ထည်ဖော်လုပ်ကိုင်ခြင်းကိုခေါ်ပါသည်။ထိုမှအတွေ့ကြုံများရရှိကာ တိုးတက်ခြင်းမှ […]


manawphyulayJuly 15, 20101min1379
မိန်းကလေးများအတွက် သတိပြုစရာများပါ။ မနေ့က ကျွန်တော် အင်တာနက် သုံးဖို့ဆိုင်ကိုသွားတယ်…ကြည့်မြင်တိုင်ဘက်က ဆိုင်တစ်ပေါ့ဗျာ…. ဆိုင်လေးက တော်တော်သန့်တယ်… ဆိုင်ရဲ့ဖွဲ့စည်းပုံရော … သုံးထားတဲ့အရောင်တွေရော… မိုက်တယ်ဆိုပါတော့ဗျာ။ ဒီလိုနဲ့သုံးနေရင်း နာရီဝက်လောက်ကြာတော့ ကျွန်တော့်ဘေးစက်ကိုလူတစ်ယောက် လာသုံးတယ်ဗျ…. သူဟာသူသုံးလိုက် ဆိုင်မှာရှိတဲ့သူနဲ့သိတဲ့ ကောင်လေးတွေကို သူသုံးနေတဲ့စက်ကိုခေါ်ပြလိုက်နဲ့….. အော်ကျယ်အော်ကျယ်နဲ့ပေါ့…. ကျွန်တော်လည်းကိုယ့်အာရုံနဲ့ ကိုယ်မို့လို့သူ့ကို ပထမတော့သတိမထားမိဘူး…. နောက်တော့ ကိုယ့်ဆရာကဘယ်ဟုတ်မလဲဗျ … vzo ကိုဖွင့်ပြီး web cam ကိုသူ့ခြေမ နဲ့ ခြေညှိုးကြားမှာညှပ်ပြီး အောက်ကနေ ရှေ့ကကောင်မလေးတွေကိုကြည့်နေတာကိုဗျ…. ကောင်မလေးတွေက စကပ်တိုလေးတွေနဲ့ဆိုတော့ ကိုယ့်ဆရာသမားက အကြိုက်တွေ့နေတော့တာပဲ….ဓါတ်ပုံတွေလဲရိုက်လိုက်တာတဖျပ်ဖျပ်နဲ့….. နောက်တော့ ကောင်မလေးတွေပြန်သွားတယ်… ကျွန်တော်လည်းသူ့ကို သတိထားလိုက်မိတယ်… သူလုပ်တာကို ကိုယ်ကမြင်နေပေမယ့် ဟိုကောင်မလေးတွေက လုံးဝမသိဘူး… နောက်ထပ်ရောက်လာတဲ့ကောင်မလေးကတော့ ထမီတွေနဲ့ဆိုတော့ ငနဲကတွက်ချေမကိုက်တော့ဘူး… နောက်ကျွန်တော်လည်းသူ့ကို သေချာဘုရှိုးရှိုးလိုက်တယ်… ခဏကြာတော့ငနဲထလစ်သွားတယ်… […]