moeloneOctober 14, 20101min1104
မနေ့ကမေးလ်ထဲရောက်လာတဲ့ မဟာတဘောင်တော်ကြီးဆိုတဲ့ forward mail လေးကို အားလုံးဖတ်ရှုနိုင်အောင်လို့ ဝေမျှလိုက်ပါတယ်။ မဟာတဘောင်တော်ကြီး ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့ ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ ရှေ့လူ နောက်တက် နင်းလတ္တံ့ သီတင်းကျွတ်ရေတက်တိုင်းပြည်ပျက် ကောင်းအောင်ညီဖို့ လိုလတ္တံ့။ ၁၀-၁၀-၂၀၁ဝ ဟာ ဝလေးလုံးဆုံတဲ့ ကာလဖြစ်လို့ အနိမ့်စံနေရတဲ့သူတွေ အမြင့်စံရတော့မယ့်အချိ်န်ဖြစ်ပါတယ်တဲ့။ ဆင်ဖြူတော်ကလည်း ငါးကောင် ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တက် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်ဖြစ်ပါတယ်တဲ့။ သီတင်းကျွတ်ကာလ ဒီအချိန်မျိုးမှာ မြန်မာပြည်နေရာတော်တော်များများမှာ ရေလွှမ်းမိုးတာဟာ တိုင်းပြည်ပျက်မယ့်  အတိတ်နိမိတ်လို့ ဆိုပါတယ်။ ကောင်းတာတွေဖြစ်ချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့်မယ်လို့ ဆိုထားခြင်းပါ။ အမှားပါရင်ခွင့်လွှတ်ပေးကြပါခင်ဗျာ။