2015 အလွန်နိုင်ငံရေးအခြေအနေ ဘာလဲ? ဘယ်လဲ? မြန်မာပြည်က နိုင်ငံရေး လေ့လားနေသူများ စိတ်ဝင်စားနေသူများ အတော်လေးစိတ်ဝင်စားနေတဲ့ အကြောင်းအရာပါ။ အကြောင်းအရာသက်သက်မဟုတ်ဘူး ဆိုတာလဲသိပြီးသားပါ။ ဒီ2015နှစ်ကုန်ပိုင်းမှာ လုပ်မယ့်ရွေးကောက်ပွဲမှာဘယ်ပါတီက အနိုင်ရအစိုးရဖွဲ့နိုင်မလဲဆိုတာပါပဲ။ ဒီမှာကျတော်အမြင်ပြောရရင် နိုင်ငံတိုင်းမှာ လက်ရှိအာဏရပါတီဟာ လူထုအတွက် ဘာလုပ်ပေးနိုင်ခဲ့သလဲဆိုတာကို လူထုကသိပြီးသားမြင်ပြီးသား ကျေနပ်ရင်လဲကျေနပ်မယ် ကျေနပ်ယုံအဆင့်ထက်လဲပိုချင်ပိုမယ်။ ဒီရလဒ်နဲ့ပြောင်းပြန် ဖြစ်ချင်လဲဖြစ်မယ်။ ဒီတော့ လက်ရှိအာဏာရပါတီဟာ ရွေးကောက်ပွဲမတိုင်မှီမှာ လက်တွေ့လုပ်ဆောင်ချက်တွေအရ အသာရလေ့ ရှုံးနိမ့်လေ့ ရှိနေတတ်ပါတယ်။ ဒါက နိုင်ငံတကာက ဒီမိုကရေစီအစိုးရ ရွေးကောက်ပွဲတွေရဲ့ မြင်သာနိုင်တဲ့ ရွေးကောက်ပွဲ မတိုင်မှီက အခြေအနေတွေပါ။ ဒီတော့မြန်မာ့ ဒီမိုကရေစီအစိုးရ ရွေးကောက်ပွဲမှာရော? 2015 ရွေးကောက်ပွဲမှာရော?? ဘာဖြစ်လာနိုင်မလဲ? ဖြစ်လေ့ဖြစ်ထ နိုင်ငံတကာ ဒီမိုကရေစီ အစိုးရ ရွေးကောက်ပွဲတွေရဲ့ အနေအထားနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်။ လက်ရှိ အာဏာရပါတီဟာ အလားအလာမကောင်းပါဘူး။ […]