ကို သာSeptember 12, 20121min1450
ပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ လူ့အဖွဲ့အစည်းနှစ်ခုစလုံး ကြီးကြီးမားမား ထိခိုက်မှု ရှိနေပြီး လူသားခြင်း စာနာ ထောက်ထားမှု ထောက်ပံ့ရေး အခြေအနေများလည်း စိုးရိမ်စရာ ကောင်းလွန်းနေဆဲဟု အဆိုပါ ဒေသသို့ နှစ်ရက် ကြာ သွားရောက်လေ့လာခဲ့သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ လ ၁ဝ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရှေ့ဆက်ဆောင်ရွက်ရာတွင် အရေးပေါ်လိုအပ်ချက်များကို လုပ်ဆောင်ရန် အရေးကြီး မည်ဖြစ်ပြီး ရေရှည်တည်တံ့ပြီး တရားမျှတမှု ရှိရှိ ဖြေရှင်းဆောင် ရွက်ရန်လိုအပ်ကြောင်း ၊ ရခိုင်ဒေသ ရေရှည် နာလန်ထူစေရေးအတွက် အမေရိကန် နှင် ့နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ၎င်းအဖွဲ့က ရှာဖွေခဲ့ကြကြောင်းဆက်လက်ဖော်ပြထားသည်။ အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် […]