ေမွာ္ဆရာDecember 22, 20111min44656
မန္တလေး ဂေဇက်ဟု အမည်တွင်သော ဤရွာကြီးတွင် မှီတင်းနေထိုင်ကြကုန်သော အို ရွာသူရွာသားအပေါင်းတို့ ..။ဤဂေဇက်ရွာသည် သင်တို့အား ပညာကိုလည်းကောင်း ၊ ဥစ္စာကိုလည်းကောင်း ၊ ဗဟုသုတ ကိုလည်းကောင်း ပေးစွမ်းနှိုင်၏။ မိမိအရိပ်ခိုသော အခက်အလက်နှင့် ပြည့်စုံသော ပညောင်ပင်ကြီးအား အရိပ်နေနေ အခက်ချိုးချိုး မလုပ်ပဲ ကြီးထွားဖွံ့ဖြိုးအောင် ကြံဆောင်သင့်သကဲ့သို့ ဤ ဂေဇက်ဟု အမည်တွင်သော ရွာကြီးအားလဲ ပျက်စီးရာ ပျက်စီးကြောင်း ရှောင်ရှားကြပြီးလျှင် ထာဝစဉ် စည်ပင် ထွန်းကားအောင် ကိုယ်စွမ်းနှိုင်သမျှ ဆောင်ရွက်ရမည်မှာ ကျွန်ုပ်တို့ ရွာသူရွာသားအပေါင်း၏ တာဝန်သာ ဖြစ်ချေ၏။။ ကျွန်တော်တို့ ရွာကြီးမှာ ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းလေးတွေ တွေ့နေရပါတယ်ခင်ဗျာ..။ ဒါကြောင့် ဒါတွေကို ရွာသူရွာသားတွေ (အသစ်/အဟောင်း)များ အနေနဲ့ ရှောင်ရှားဖို့ လိုနေပါတယ်..။ (၁)စကားခြောက်ခွန်း […]


ေမွာ္ဆရာDecember 21, 20111min21426
ဝမ်းသာစရာ သတင်းတစ်ခု ကြေငြာပါ့မယ် … မှော်ဆရာ အချီကြီးပွပါပြီ ..။ ဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ ဆိုတာ အောက်မှာ ဆက်ဖတ်ပါ …။ ၁၈ ရက်နေ့က အဘဖောရဲ့ စတုဒီသာကြွေးပွဲကို မှော်ဆရာ တက်ရောက်ဖြစ်ပြီး ရွာထဲက Top Poster ကြီးများနဲ့ တွေ့ဆုံခဲ့ပါတယ် ..။ အဲဒီလို တွေ့ဆုံပွဲမှာ အမျိုးသားထဲက အသက်အငယ်ဆုံးဖြစ်နေတဲ့ မှော်ဆရာကို အားလုံးက အပြစ်မမြင် ၊ အချစ်တွေဝင်ကြပြီးလျှင် သဒ္ဓါတရားများ တဖွားဖွားပေါ်ပေါက်ပြီးသကာလ တက်ရောက်သူအားလုံးထဲမှ မည်သူမဆို ပွိုင်တစ်သိန်း ပြည့်ပြီး သူကြီးဆီမှ ငွေတစ်သိန်း ထုတ်ယူရတော့မည် ဆိုလျှင် .. ထိုဆုငွေအား ရေးသားသူမှ မယူပဲ မှော်ဆရာအား ပေးအပ်ချီးမြင့်မည် ဖြစ်ပါကြောင်း တက်ရောက်သူများမှ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ပါသည် ..။ […]


ေမွာ္ဆရာDecember 1, 20114min21028
မုဆိုးစိုင်သင် ဓါတ်ပုံပညာများလို့ နာမည်တတ်ရတဲ့အကြောင်းက အခုရေးပြမယ့်အကြောင်းအရာတွေဟာ ပညာရပ်ပိုင်းဆိုင်ရာဆိုတာထက် အချင်းချင်း ဖောက်သယ်ချတဲ့ သဘောလောက်ပဲ ပေါ့ပေါ့ပါးပါးရေးချင်လို့ပါ ..။နောက်တစ်ခုက ဒီပညာတွေကို တစ်ကြိမ်ထဲ တစ်ခါထဲ သင်ခဲ့ရတာမဟုတ်ပဲ ဓါတ်ပုံလောကထဲမှာ ကျင်လယ်ရင်းနဲ့ တဖြည်းဖြည်း သိလာတဲ့ အတွေ့အကြုံများဖြစ်လို့ပါ။ ဆရာစိန်သော့တို့ ဆရာလေးဂီတို့လောက် လေးနက်မှုမရှိပေမယ့် လက်သင်အဆင့် ဓါတ်ပုံဝါသနာရှင်များအတွက်တော့ အထောက်အကူ တစ်ခုခုတော့ပေးနှိုင်ပါလိမ့်မယ် .။ မပေးနှိုင်ဘူးဆိုရင်တော့ ကျွန်တော့ရဲ့ အားနည်းချက်လို့ပဲ ပြောပါရစေ…။ ဝါသနာရှင်များအတွက် သိသင့်တဲ့ မှန်ဘီလူးအကြောင်း ကင်မရာ မှန်ဘီလူးတွေကို သူ့မှာပါတဲ့ အကြီးချဲ့နှိုင်စွမ်း သို့ အသေးချုံ့နှိုင်စွမ်းပေါ်မူတည်ပြီး နံပါတ်တွေနဲ့ သတ်မှတ်ခေါ်ဝေါ်ပါတယ်.။ ဥပမာ 10-18 mm lens 18-55mm lens 55-200mm lens စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်.။ အဲဒီ့ နံပါတ်တွေကို မှန်ဘီလူးမှာ […]


ေမွာ္ဆရာNovember 29, 20111min27833
ဒီနေ့မနက်စောစော ဘုရားရင်ပြင်တော်ပေါ် လမ်းလျှောက်လာရင်း ဘာရယ်မဟုတ် ဘီလူးမျက်နှာက အတွန့်အကွေး အရေးအကြောင်း ကနုတ်ပန်းလေးတွေကို သေချာကြည့်မိသည်။ ပန်းပုဆရာ လက်စွမ်းပြထားသည်ထင်သည် ။အနားကပ်ကြည့်တော့ ပီဘိနုနုရွရွ ကနုတ်ပန်းလေးတွေပါ။ ဒါပေမယ့် ခပ်လှမ်းလှမ်းက ကြည့်လိုက်တော့မှ ရက်စက်ကြမ်းကြုတ်သော ဘီလူးတစ်ကောင်၏ ပုံရိပ်က အပြည့်အဝ ပီပြင်လာပါတော့သည်။ ထိုအခြင်းအရာကို ကြည့်ရင်းနဲ့ မှော်ဆရာသဘောပေါက်လိုက်သည် အနုပညာဆိုသည်မှာ ကိုယ်ပေးလိုသောရသအား ယဉ်ကျေးသိမ်မွေ့သော နည်းဖြင့်သာ ခံစားသူ၏ နှလုံးသားထဲသို့ အရောက် ပို့ပေးပါလား ဟုပင် ။ တကယ့်ဘီလူး၏ ပုံရိပ်မှာ ဤသို့မဟုတ်လောက်ပေ။ အမွှေးအမှင်စုတ်ဖွား မသတီစရာ ပုံပန်းဖြင့် တင့်တယ်မှုမရှိသော သတ္တဝါ တစ်မျိုးပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ ရုပ်ရည်အတိုင်းသာ ပန်းပုဆရာ ထုဆစ်ခဲ့ပါက ယခုကဲ့သို့ ဘုရားရင်ပြင်တော်ပေါ်တွင် ယခုကဲ့သို့ နေရာရနှိုင်စရာ အကြောင်းမရှိ ..။ […]


ေမွာ္ဆရာNovember 12, 20111min28724
အရင်တုန်းက အကောင်းသားဗျာ .. အခုမှ ဒုက္ခနဲ့ လှလှနဲ့ကို တွေ့ပြီ ဘာကိစ္စလဲဆိုတော့ အဖာတစ်ရာ ပိုက်ဆံတွေကိစ္စပေါ့ … အရင်တုန်းကတော့ အကြွေကလဲရှား ရှိတဲ့ အကြွေကလဲ ရေသည်ယောကျင်္ားရဲ့ ပုဆိုးထက်တောင်ဆိုးနေတာဆိုတော့ ရှိတဲ့ နှစ်ရာတန် တစ်ရာတန်လေးတွေကို ရွှေအစစ်ထက်တောင် ယုယုယယ တိပ်နဲ့ကပ် ၊ ပလပ်စတစ်နဲ့ထုတ် ၊ မီးပူတိုက် နည်းမျိုးစုံနဲ့ လည်ပတ်လာရတယ် … အမယ် …ပေးတဲ့သူက ပေးရင် ယူတဲ့သူကလဲ ဘယ်လောက်စုတ်ပါစေ .. ယူတယ်ဗျ .. အကြွေပေးလို့ဆိုပြီး ကျေးဇူးတွေဘာတွေတင်လို့ …. အခုတော့ဗျာ … ရှိတဲ့နှစ်ရာတန်လေးနဲ့ ဆေးလိပ်လေး သွားဝယ်ပါတယ် … စုတ်လို့ ပြန်လဲပေးပါတဲ့ … ဟယ် တစ်ခါမှ မကြားဘူးတဲ့ စကားကြားရလို့ ငုတ်တုတ်တောင် […]


ေမွာ္ဆရာSeptember 12, 20111min23419
အရင်းအနှီး နည်းပါးစွာဖြင့် အောင်မြင်မှုလမ်းကြောင်းကို ရယူလိုသောသူများ အောက်ပါ အလုပ်အကိုင်များနှင့် ရင်းနှီးမြှုတ်နှံမှုများတွင် ဝင်ရောက် လုပ်ကိုင် ဆက်သွယ်ဆောင်ရွက်နှိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Mhaw Sayar Company နှင့် အောက်ပါလုပ်ငန်းများတွင် ပူးတွဲဆောင်ရွက်လိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်လိုက်သည်။ 1. ပြက္ခဒိန် သိုလှောင်ခြင်းလုပ်ငန်း ယခုအခါ နှစ်လည်ပိုင်း ကျော်လွန်လာပြီဖြစ်သဖြင့် ပြက္ခဒိန်များ ဈေးကျသော ရာသီသို့ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် 2011ခုနစ်ထုတ်ပြက္ခဒိန်များအား လျှော့ဈေးဖြင့် လိုက်လံဝယ်ယူပြီးလျှင် 2012 ခုနှစ် ပြက္ခဒိန်ရာသီတွင် အမြတ်အစွန်းများများဖြင့် ပြန်လည်ရောင်းချမည့် အစီအစဉ်ဖြစ်သည်။၅လတာမျှ ရင်းနှီးမြှတ်နှံရုံ မျှဖြင့် အမြတ်အစွန်း ၂ဆကျော် မြတ်စွန်းမည် ဖြစ်ပါသဖြင့် စိတ်ကူးမလွဲသင့်သော လုပ်ငန်းဖြစ်သည်။ 2. အအေးခန်းကား အငှား ဝန်ဆောင်မှုလုပ်ငန်း တောင်ဝန်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းသို့ လေ့လာရန်အတွက်ဖြစ်စေ။အပျော်ခရီးဖြစ်စေ သွားရောက်လိုသောသူများ […]


ေမွာ္ဆရာSeptember 11, 20111min25719
မှော်ဆရာ အွန်လိုင်းကမ္ဘာသို့ မရောက်ဖြစ်သည်မှာ ကြာပြီ။လိုင်းမကောင်းတာလဲ ပါသည်။ ဘာရေးရမှန်း မသိတာလဲ ပါသည်။ ထို့ကြောင့် မရောက်ဖြစ်သော နေ့တွေ များလာသည်။ ဘာရေးရင် ကောင်းမလဲ စဉ်းစားရသည်။ ရေးစရာ ရှာမတွေ့ ။သူများတွေရေးသွား၍ ကုန်ပြီ။ ကော်ပီတော့ မရေးချင်။ သိက္ခာကျသည်။ ဒေါ်လာဈေးကျတဲ့ အကြောင်းရေးရင် ကောင်းမလား..ဒါကလဲ ကိုယ်နဲ့ဘာမှမဆိုင် ။မှော်လောကနှင့် ဒေါ်လာ လားလားမှ အပ်စပ်သည် မဟုတ်။ကိုယ်မကိုင်နှိုင်သော ဒေါ်လာအတွက် အချိန်ကုန်ခံပြီး ရေးမနေချင်တော့။ကိုယ့်မှာ ရှိတဲ့ 200 တန်လေးတောင် မပြဲအောင် တိပ်နဲ့ ကပ်သုံးနေရသည့် ဘဝက မလွတ်သေး၍ ဒေါ်လာအကြောင်း ရေးရင်လဲ ရေးရုံသာရှိမည်။ဒါပေမယ့် မသိတာတစ်ခုတော့ မေးချင်မိသည်။ ဟိုးအရင် ဒေါ်လာရွှေခေတ်တုန်းက ကွန်ပျူတာ ပစ္စည်းတစ်ခုခု ဝယ်မယ်ဆိုလျှင် ဒိနေ့ ဒေါ်လာဈေးက ဘယ်လောက်ဆိုတော့ဟုဆိုကာ […]