moesatrainMay 27, 20101min835
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျေုာ်လောက်က ပြောပြောနေကြတဲ့ စကားတစ်ခွန်းကို မှတ်မိကြတယ် ဟုတ်..။ နောင်တစ်ချိန်မှာ မိန်းမတွေ ရင်ထုပြီး လင်လုရတော့မယ် ဆိုတဲ့ စကားတစ်ခွန်းလေ..။ ဒီစကားဟာ နမိတ်လိုလို တဘောင်လိုလိုနဲ့ ခေတ်စားခဲ့တာတော့ အမှန်ပါပဲ။ အဲဒီအချိန်တုန်းကလည်း ပြောကြတယ်လေ။ ဆေးရုံတွေ၊ သားဖွားခန်းတွေမှာ ကြည့်လိုက်.. မိန်းကလေးက ၁ဝယောက်မွေးရင် ယောက်ျားလေးက ၂ ယောက်လောက်ပဲ ပါသတဲ့..။ ဒါကြောင့် နောင်ဆိုရင်ယောက်ျား တစ်ယောက်ကို မိန်းမတွေ အများကြီးက ဝိုင်းပြီး လုကြရတော့မယ်လို့ ပြောခဲ့ကြတယ်။ ဒီနောက်ပိုင်းမှာပဲ ခေတ်စားလာတဲ့ ဇာတ်လမ်းတွဲကိုလည်း ကြည့်လိုက်ဦးလေ..။ ကိုးရီးယား ကားတွေပေါ့..။ သိတယ်ဟုတ်.. ဒီကားတွေမှာ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေး နှစ်ယောက်က ပြိုင်လုတာတို့၊ သုံးယောက်က ပြိုင်လုတာတို့..။ ဒီနောက်ပိုင်းတွေမှာ ခေတ်အနေအထားအရ မိန်းကလေးတွေက ရည်းစားစကားကို […]