စဆရ ႀကီးAugust 9, 20121min22214
အပိုင်း(၃)သို့ ရောက်ခဲ့ပြန်ပါပြီ။ ယခုအပိုင်းတွင်မတော့ သူကြီးသိပ်သိချင်နေသော အကြောင်းလေးများကို အလေးပေးပြီးဖော်ပြထားပါကြောင်းနှင့် သိပ်အချိန်မဆွဲတော့ပဲ နောက်တစ်ပိုင်းတွင် မြန်မြန်ဇာတ်သိမ်းတော့မည့်အကြောင်း…။ (စာရိုက်သူ) ၁။ ဘဝသည်ကား အတော်လေးပင် ပျင်းရိငြီးငွေ့စရာ ကောင်းလှပေသည်။ နယ်မြေသစ်၊ အတွေ့အကြုံသစ်များကို လူမျိုးတူ၊ သူငယ်ချင်းများမရှိပဲ တစ်ဦးတည်းဖြတ်သန်းနေရသဖြင့် အတူရောက်ရှိခဲ့သော သူငယ်ချင်းများအား သတိရသဖြင့် ဖုန်းဆက်ခြင်းအမှုကို နေ့တိုင်းပြုခြင်း၊ ပိတ်ရက်တွင် ၎င်းတို့ရှိရာသို့ သွားရောက်လည်ပါတ်ခြင်းများပြုရာ လစာထုတ်သောအခါ တစ်ပြားမှ မကျန်တော့ခြင်းသို့ရောက်လေသည်။ ပြောရမည်ဆိုလျင် ယခုနိုင်ငံသည်ကား ဖုန်းခေါ်ဆိုခ လွန်စွာမှပင် ကုန်ကျလှပေသည်။ ဆက်သွယ်ရေးအနေနှင့် DU နှင့် Etisalat နှစ်ခုတည်းသာရှိသဖြင့် ယှဉ်ပြိုင်ဖက် Company များမရှိခြင်းကြောင့် ၎င်းတို့စိတ်တိုင်းကျ သတ်မှတ်သည့်အတိုင်းသာ ဝယ်ယူသုံးစွဲရခြင်းဖြစ်သည်။ ဒီနေရာတွင် ရွာထဲမှ Marketing အကြောင်းနားလည်သူ ပညာရှင်များမှ ဝင်ရောက်ဆွေးနွေးထောက်ပြကြမည်ထင်ပါသည်။ Etisalat မှာ […]