လေပါတယ်အေ။ ရွာထဲမှာ မိဂီတစ်ယောက်သောင်းကျန်းနေပြီ။ လစ်ဗင်းတူဂဲသားရေး မဂဲသား ရေးကို အင်္ဂလန်က တစ်တစ်ရယ်၊ မြန်မာပြည်က လစ်လစ်ရယ် သူများပို့စ်ထဲ ဝင်နှောက်ပြီး သကာလ ဘာမှမကြာခင်ပဲ မိဂီရဲ့ပို့စ်တွေ ဆက်တိုက်ဆိုသလိုတက်လာတယ်။ ပထမ သူမတွင် ရှိသောအကျင့်တစ်ခုလေးများ၊ နောက်တော့ သူ့တွင်ရှိသောအကျင့်တစ်ခုလေးများ၊ အဲဒီလုို ပဏာမခြေဆင်းလေးတွေ ရေးပြီးတော့ကာ ကြိုကြိုတင်တင် မေတ္တာမိုးတွေစွေထားဖို့ ယောက္ခဖ ဆိုတဲ့ စကားလုံးအသစ်ကို အံ့ဘနန်းတီထွင်လိုက်တယ်။ (ဤကမာ္ဘပေါ်တွင် မြန်မာစာလုံး ယောက္ခဖ ဆိုသောစကားလုံးကို ဂီဂီတီထွင်သည်)။ ပြီးတော့မှ ထမင်းစားပို့စ်၊ ခြေသည်းညှပ် ပို့စ်တွေ တက်လာတာကိုး။ ခုတော့ မောလို့မွမ်းတောင်နေပြီ။ ဒီပို့စ်တွေနဲ့ စောစောက လစ်လစ်နဲ့တစ်တစ်ရဲ့ လစ်ဗင်းတူဂဲသားရေး မဂဲသားရေးကိစ္စ မဆိုင်ပါ ဘူးလို့ ငြင်းချင်လည်းငြင်းပေါ့အေ။ မျှစ်ကြော်ပြုံးဆိုတဲ့ ဓားမ လက်ကမချတဲ့ ငါးစိမ်းသည်ကလည်း […]