etoneJuly 20, 20101min822
ယောင်္ကျားမာယာဟာ ထောက်ထားစရာရယ်လို့မရှိဘူး။ ယောင်္ကျားယုတ်ရင် မိန်းမထက်တောင်ပုတ်လို့ ဆိုသူက ဆိုကြတယ်။ ယောင်္ကျားဆိုတာဟာ မိန်းမတွေ အထင်ကြီးတက်တဲ့အရာမို့ မာယာသုံးတာကို နားမလည်လိုက်ရင် အခါခါ ဆုံးရှုံးတတ်ပါတယ်။ ယောင်္ကျားကြီးတန်မဲ့ မာယာများတာမျိုးဟာ အရုပ်ဆိုးသလိုအောက် တန်းလည်း အလွန်ကျလှပါတယ်။ယောင်္ကျားဆိုးရဲ့ မာယာကို မိတဲ့ မိန်းကလေးဟာ ပန်းကောင်းအညွန့်ကျိုး ဖြစ်တတ်တယ်။ မာယာကိုမသိဘဲ  ယုံမှတ်လို့ ပုံအပ်လိုက်ရင် မျက်ရည်နဲ့ဒူးသုတ်ရတဲ့ အဖြစ်မျိုးကို ရောက်ရမှာပဲ။ ယောင်္ကျားဆိုတာ အပြင်လောကကို ထိတွေ့သူများတဲ့သူများတဲ့အတွက် မာယာသုံးရင် အချို့မိန်းကလေးတွေထက်  ပိုပြီး သုံးတက်တယ်။ ယောင်္ကျားတွေဟာလည်း မာယာမရှိတက်ဘူးလို့ မထင်လေနဲ့။ သူတို့မှာလည်းရှိတာပဲ။ အကောင်းအဆိုးဟာ အရာရာတိုင်းမှာရှိတလို မာယာရှိတဲ့ ယောင်္ကျားတွေလည်း ရှိတတ်တယ်။ သစ္စာမဲ့ယောင်္ကျားတွေလည်းရှိတယ်။ ယနေ့ယောင်္ကျားတွေမှာ အရည်အချင်းနဲ့ ဥစ္စာစည်းစိမ်ကို မက်လုံးပေးတာများနေတယ်။ အပေးလေးရက်ရောရင် အပြေးလေးရောယှက်ချင်တတ်တဲ့ မချောလေးတွေဟာ ယောင်္ကျားမာယာ မိတာများတယ်။ […]