ယောဆရာကြီးက တောမှာနေရသူပါ ၊မြို့ရောက်မှ ကွန်ပျူတာရှေ့ထိုင်ရပါတယ်။ ကိုယ့်တာဝန် ဆိုတဲ့ တွေးစရာပုံပြင်ပိုစ့်လေး တင်ပြီး နောက်တစ်ကြိမ်ကွန်ပျူတာရှေ့ရောက်တော့ ကိုယ်တင်တဲ့ပိုစ့်က စာမျက်နှာ (၂)ကိုရွေ့သွားပြီး Comments ၁၃ ခုတွေ့တယ် ။ပြန်ဆွေးနွေးဖို့စဉ်းစားရင်းဒီပိုစ့်လေးနဲ့ပဲ တွေးကြမယ် ၊ ဆွေးနွေးကြမယ် .. .. ကိုပေ ပြောသလိုပါပဲ ဒီပုံပြင်ကလေးက ရွာသားတွေကို ရည်ညွန်း ပါတယ် .. ကိုသန်းထွဋ်ဦး ဆွေးနွေးသလို ယောဆရာကြီးက ယောနယ်ကမဟုတ်ပါဘူး . အညတရ တောသားတစ်ယောက်ပါပဲ ကိုယ့်အလုပ်မဟုတ်ဘဲ သူများအလုပ်ကို ဝင်လုပ်မိရင် ဝါးရင်းတုတ်နဲ့အရိုက်ခံရတတ်တယ်ဆိုတာကို ဖောက်သည်ချတာပါ ၊ .. ပန်ပန် ဆွေးနွေးသလို နေသာသလို နေလို့တော့မရပါဘူး .. မမအညာသူ ပြောသလို သူခိုးလာတာကို ဒီအတိုင်းထိုင်ကြည့်နေလို့လည်း မဖြစ်ပါဘူး။ ကိုယ့်တာဝန် ကိုယ်လုပ်ပြီး သူများကိုမကူညီ […]