etoneAugust 31, 20101min1235
ထမင်းစားရင်း ရေခဲရေဖြစ်ဖြစ်အအေးဖြစ်ဖြစ် သောက်ပြီးစားရတဲ့အရသာဟာ တော်တော်ကောင်းပါတယ်။ကျွန်တော်တို့မှာစွဲနေတဲ့အလေ့အကျင့်တွေထဲက တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ဒါပေမယ့် အခုဒီအကျင့်ဟာ စိတ်ညစ်စရာရောဂါများကို သယ်ဆောင်လာနိုင်ကြောင်း ပညာရှင်တွေက သတိပေးတားမြစ်ထားပါတယ်။ရေခဲရေကို ထမင်းစားရင်းသောက်ရင် ရေခဲရေရဲ့အအေးဓာတ်ကြောင့် အစာထဲက အဆီဓာတ်တွေကိုစုပြီးခဲသွားစေပါတယ်။ဒီတော့ ခန္ဓာကိုယ်က မကောင်းတဲ့အဆီတွေကို စုပ်ယူရာမှာ တစ်လုံးတစ်ခဲနဲ့မို့ ထိထိရောက်ရောက်စုပ်ယူစေပါတယ်။အထူးသဖြင့် တိရိ စ္ဆာန်အသားတွေထဲက ပြည့်ဝအဆီတွေနဲ့ အခြားဒြပ်ပေါင်းတွေဟာ ရေခဲရေကစုစည်းခဲပေးလိုက်လို့ အစာအိမ်၊အူမကြီးတို့နဲ့ ကြာကြာထိတွေ့ခွင့်ရပြီး ကင်ဆာများကိုဖြစ်စေပါတယ်။ဒါကတော့ရှေးပဝေသဏီကတည်းက အတည်ပြုပြီးသားဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီလိုအဆီစုပ်ယူမှုကို ကောင်းမွန်စေတဲ့အတွက် သွေးတွင်းမကောင်းတဲ့အဆီတွေ များပြားမြင့်တက်လာစေပြီး နှလုံးသွေးကြောပိတ်ရင်ဘတ်အောင့်ရောဂါ၊သွေးကြောတွေထိခိုက်တဲ့ရောဂါအစုံ၊လေဖြတ်ရောဂါအသည်းအဆီဖုံးရောဂါ၊အမျိုးသမီးတွေမှာဆို သားဥအိမ်ကင်ဆာ၊ရင်သားကင်ဆာ စသဖြင့် ဖြစ်နိုင်တဲ့ရောဂါတွေတော်တော်များပါတယ်။စားတဲ့အဆီအဆိမ့်တွေ၊တိရိစ္ဆာန်အဆီချင်းတူတာတောင် ပမာဏချင်းတူတာတောင် ရေခဲရေသောက်သူတွေမှာ သွေးတွင်းကိုလက်စထရောပမာဏ ပိုမိုမြင့်တက်ကြောင်း စစ်ဆေးတိုင်းတာတွေ့ရှိထားပါတယ်။ ရေခဲရေထက်ဆိုးတာက အအေးပါ။သူက ရေခဲရေရဲ့အထက်ပါ ဆိုးကျိုးတွေပါတဲ့အပြင် သကြားဓာတ်တွေပါတာမို့လို့ အစားအသောက်စားပြီးတဲ့အချိန်မို့လို့ သွေးတွင်းသကြားဓာတ်မြင့်တက်ချင်းကို အရမ်းမြင့်တက်စေပါတယ်။အချိန်ကြာလာရင်ဆီးချိုဖြစ်စေမှာ အသေအချာပါပဲ။ဆီးချိုဖြစ်ရင်လဲ ကျန်တဲ့ရောဂါပေါင်းစုံနောက်ဆက်တွဲဝင်လာမှာမို့ တကယ်ကြောက်စရာပါပဲ။ကျွန်တော်တို့ရဲ့ ဘာမဟုတ်တဲ့အစားအသောက်အနေအထိုင်လေးတစ်ခုကြောင့် ရောဂါတွေထူပြီး […]