ရေဆင်။။။။။။။။ ရေဆင်ရှိမရှိအငြင်းပွာဆဲဖြစ်ပါတယ်။။။ ဒါပေမယ့် ဆင်သမားတိုင်းကတော့ရေဆင်တစ်ကယ်ရှိကြောင်းယုံကြည်နေကြဆဲ့ပါ ရေဆင်သည်ငါးကဲသို့အသက်ရှုနိုင်၏၊ကုန်းပေါ်တွင်နာရီအနည်းငယ် အသက်ရှုနေထိုင်နိုင်ပါတယ် ၁၉၇ဝပြည်နှစ်ဩဂုတ်လ(၁၃)ရက် လုပ်သားပြည်သူ့နေစဉ်သတင်စာအဆိုအရ သံတွဲမြို့နေ တိရစာ္ဆန်ဆေးကုအင်စပက်တော် ဦးဘမြိုင် ကိုတိုင် ရေဆင်အမတစ်ကောင် အထီးတစ်ကောင်(အသေ)ကို တံငါများမှတစ်ဆင့်ရရှိခဲဖူးကြောင်း ပါရှိတယ်လို့ ဆရာမောင်ကြည်သန့် မှ မြန်မာဖြစ်ရပ်(၁၀၀)စာအုပ်မှာပဲရေးထားပါတယ်။ ရေဆင်အမကို ၁၉၃ဝ ပြည်နှစ်တွင် စစ်တွေခရိုင် ။ပေါက်တောမြို့၊သရွန်ဂါ ကျွန်းအုပ်စုအပါအဝင် ဆံတော်ရှင်ကျွန်း တောင်ဘက်ကမ်းမှရရှိခဲ့သည်။ ရေဆင်အထီးကို ၁၉၃၅ ခုနှစ်တွင်သံတွဲခရိုင်၊တောင်ကုတ်မြို့နယ်၊မဒင်ကျွန်းငဆောက်ကျေးရွာအနောက်ဘက်မှရရှိခဲ့ဘူးကြောင်း ရေးသားပါရှိ၏။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာ ကိုယ်တိုင် ပျဉ်းမနားတောင်တွင်းကြီးနယ် ပဲခူးရိုးမအနောက်ဖက် သစ်တောအတွင်း ကျောက်ရေ အိုင်တစ်ခုမှ ရေဆင်တစ်ကောင်အရှင်ဖမ်းမိခဲ့သည်ဟုရေးသားခဲ့သည်။ ရေဆင်အမ၏အရောင်သည် မွဲပြာ၏ ချောမွတ်သည်၊ ခြေနှင်လက်ပါရှိသည်၊ ခြေချောင်းငယ်လေးချောင်းစီပါသည်၊ အထက်အောက်အံသွားနှစ်ချောင်းစီတွေ့ရသည်၊ဆင်မတစ်ကောင်၏အစိတ်အပိုင်းပါသည်၊အသားစားသည့်လက္ခဏာမရှိ ရေမှော်များသာစားသည်။ ရေဆင်အထီးသည်မီးခိုးရောင်သန်းသော အဖြူရောင်ရှိသည်၊ ခြေချောင်လေးချောင်စီရှိသည်၊အဖြူရောင်အစွယ်ရှိသည် လုံးပတ်မှာမီးခြစ်ဆံချောင်းခန့်ရှိသည် အထက်အောက်အံသွားပါရှိသည် ၊မျိုးပွားအင်္ဂါ အပြည့်အစုံဖြစ်သည်၊ရေညှိရေမှော် များသာစားသည်။ကုန်းဆင်ကဲသို့အရွက်စားသတ္တဝါပင်ဖြစ်သည်။ […]