weiweiNovember 2, 20101min34618
ဒီတစ်ခါခရီးသွားသတင်းကတော့ ခါတိုင်းနဲ့မတူပါဘူး … သဘာဝရှုခင်းတွေအပြင် တခြားထူးဆန်းထွေလာများပါ မြင်တွေ့ခဲ့ရတဲ့အကြောင်း ဖောက်သည်ချချင်ပါသေးတယ် … နွေကျောင်းပိတ်ရက် တစ်ခုမှာ ကျွန်မတို့ ဗမာသူငယ်ချင်း မိ်န်းကလေး ၃ ယောက်စုပြီး ခရီးသွားအဖွဲ့တစ်ခုနဲ့ တစ်ညအိပ်ခရီးအတူသွားခဲ့ကြပါတယ်။ ပထမနေ့ကတော့ လှပတဲ့ သဘာဝဥယာဉ်တစ်ခုကို လည်ပတ်ခဲ့ရပြီး ဒုတိယနေ့ကတော့ ရေပူစမ်းမှာ ရေပူစိမ်ရမယ့်အစီအစဉ်ပါ။ ပထမနေ့ခရီးစဉ်အပြီးမှာ ခရီးသွားလမ်းညွှန်က ကျွန်မတို့အားလုံးကိုပြောပါတယ်။ ရေပူစိမ်တဲ့ကန်က ရေကူးဝတ်စုံနဲ့ပဲ ဝင်စိမ်လို့ရမယ်တဲ့။ အဲဒီရောက်မှာ ငှားဝတ်ချင်လဲရတယ် ဝယ်ဝတ်ချင်လဲရမယ်လို့ ပြောပါတယ်။ ကျွန်မတို့က ဒုက္ခတော့ရောက်ပြီ တစ်သက်မှာ တစ်ခါမှ ရေကူးဝတ်စုံလဲမဝတ်ဖူးဘူး။ ဒါပေမယ့်လဲ ရောမရောက်ရောမလိုကျင့်ရမှာပေါ့လို့ပဲတွေးပြီး ညဘက်ရေကူးဝတ်စုံထွက်ဝယ်လိုက်ရပါတယ်။ နောက်တစ်နေ့ကျတော့ ရေပူစမ်းနေရာကိုရောက်သွားပါတယ်။ အဆောက်အဦးအကြီးကြီးတစ်ခုထဲမှာ ရေချိုးတဲ့နေရာ နဲ့ ဝတ်သွားတဲ့အဝတ်တွေထည့်သိမ်းတဲ့ ဘီဒိုလေးတွေကို ကိုယ်ပိုင်သော့နဲ့ပေးထားပါတယ်။ ကျွန်မတို့လဲ ဘီဒိုလေးတွေရှိတယ့် ဟောလ်ခန်းထဲကို ဝင်သွားလိုက်ပြီး အဝတ်လဲဖို့ […]