မနေ့က ကျွန်တော် ကဗျာတစ်ပုဒ် ရေးတယ်.. ကဗျာလေးရဲ့.. ပထမ အပိုဒ်ကို ဒီလိုရေးလိုက်မိတယ်… ကျဉ်ဆံရာတွေကို ထပ်မမြင်ရဖို့… မေတ္တာတစ်ချက် လေပေါ်ထောင်ပစ်ဖို့ပဲ.. လိုအပ်တယ်…ပြီးနောက်တော့.. ယမ်းငွေ့တွေအစား ဂရုဏာတစ်ချို့လွင့်ပျံ့သွားစေမယ်… ကိုယ်ရေးတဲ့ စာ ကိုယ်ဖတ်ပြီး စိတ်ထဲတစ်မျိုးဖြစ်သွားတယ်.. မတန်မရာစာတွေ ရေးနေတာပါလားလို့ လဲ တွေးမိပြီး.. ကိုယ့်ရင်ဘတ်ကိုယ် ပြန်ဖိမိတယ်..ထားပါတော့…ဒါနဲ့နောက်တစ်ပိုဒ်ကိုဆက်ရေးမိတယ်.. မပီမသ ဘဝတွေ..ပျော်ရွှင်မှုတွေ…အေးချမ်းတည်ငြိမ်မှုတွေ…နဲ့…အတည်တကျဖြစ်ဖို့ကြိုးစားထားတာတွေ .. စတဲ့..အရာအားလုံးပေးဆပ်လိုက်ရပေမဲ့လည်း…..နောက်ဆုံးတော့ အပိုင်းအစတွေနဲ့ အငွေ့တလူလူထနေတဲ့ အနက်ရောင်မြေပေါ်မှာ..“စစ်” ဆိုတာတစ်ခုပဲ ပီပီသသ ရုပ်ထွက်ကောင်းခဲ့တယ်… အဲ့ဒီ့တစ်ပိုဒ်အပြီး မှာ.. ကျွန်တော် ဒီကဗျာကို.. ဆက်မရေးတော့ဘူးလို့.. ဆုံးဖြတ်လိုက်တယ်….. ရေးရတာ အရမ်း ဝန်ထုပ်ကြီးလို့ပါ.. ကိုယ်ရေးတာ မကောင်းရင် ကိုယ်ဖော်ကျူးတာမပြောင်မြောက်ရင် ကိုယ်ဆိုလိုတာမထိရောက်ရင်.. တကယ် စစ်ရဲ့ဒုက္ခကိုခံစား နေရတဲ့.. သူတွေကို.. အားနာဖို့ အရမ်းကောင်းလို့ပါ… “တကယ်တော့ […]