အရက်။။။။။။။။။။။။။ အရက်ဆိုတာ မူးတတ်၏ မူးသော် လူမှန်းသူမှန်မသိဖြစ်၏ ပုဆိုးမနိုင်ဖြစ်၏၊ ပြောခြင်ရာပြောတတ်၏။ မကျေနပ်ချက်များရင်ဖွင့်တတ်၏ ။ ရန်စရှိသူများကိုရန်စချင်၏ အကြောင်းမဲ့ပြဿနာရှာ၏။ ယခင်က ကြောက်ခဲ့ရသူများကိုစိန်ခေါ်တတ်၏  ။ အရက်သောက်သက်မရင့်သူများက ငိုကြီးချက်မ ငိုကြွေးတတ်၏။ ငိုကြွေးသော်လည်း ဘာကြောင့်ငိုမှန်းမေးလျှင်ကားမဖြေတတ်ဖြစ်၏။ အထက်လူကြီးအား  ပြန်မပြောဝံသော်လည်းမူးနေစဉ် စောင်ပေပေ ဘုရှိုးရှိုးတတ်၏ ။ မိန်းကလေးများမြင်က စောင်းငန်းစောင်းငန်းဖြင့် သရေကျကာ ခြေလှမ်းမမှန်ဖြစ်တတ်၏ ။ မူးနေစဉ်ဘာမှမသိဟု အမူးပြေစဉ်ပြောတတ်၏ ။ မမူးခင်ပြသနာမရှိသော်လည်း မူးလာသောအခါ ဘီလ် ထဲမှတ်ထား နောက်မှပေးမယ်ဟု ဂျစ်ကန်ကန်လုပ်တတ်၏။ နှစ်ယောက်သောက်သော် အပြန်တွင်မတွဲလေနှင့်မူးတယ်ထင်၍ တွဲမိပါက ပိုမူးပြတတ်၏။ ဒီအတိုင်းလွှတ်ထားလိုက်ပါက လေးဘက်ထောက်သွားစေရကာမူ အိမ်ရောက်အောင်ပြန်တတ်၏၊။။ မည်မျှမူးသည်ဖြစ်စေ အိမ်ပေါက်ဝနှင့်နီးလာလေ ခြေလှမ်းမှန်လာလေဖြစ်၏။ လေးဘက်ထောက်ပြန်လာ သူက ယိုင်ထိုးယိုင်ထိုးနှင့် နိုင်သမျှကျိုးစားလျှောက်၏၊ ယိုင်ထိုးယိုင်ထိုးပြန်လာသူက တည့်တည့်မတ်မတ်လျှောက်ရန်ကျိုးစား၏၊ ခပ်ထွေထွေမူးသူကား […]