manawphyulayJuly 6, 20121min42323
ပညာရေးအတွက် မိဘတွေက ဘယ်လောက်အတိုင်းအတာထိ ပံ့ပိုးဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်ကလည်း အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လို့ နေပြန်ပါသေးတယ်။ ဒါကြောင့် မေးမြန်းလာတဲ့အခါ ကလေးက ဘာဝါသနာပါသလဲ၊ ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ။ သူက ဘာဖြစ်ချင်တာလဲလို့ ပြန်မေး ရပါတယ်။ ဟုတ်ပြီး ရည်မှန်းထားတာရှိတယ်ဆိုရင် ဒီဘာသာရပ်အပေါ် ကိုယ်ကိုယ်တိုင် နိုင်နင်းစွာ သင်ကြားနိုင်မလား ဆိုတာကို အရင်ဆုံး လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အဓိက ပြောချင်တာကတော့ ကိုယ် ရွေးချယ် သင်ယူတဲ့ လိုင်းက ကိုယ်ရဲ့ဘဝလမ်းကြောင်းမှာ အသုံးချဖို့ သင့် မသင့်နဲ့ ဝါသနာပါ မပါဆိုတာပါပဲ။ တစ်ချို့က မိဘတက်ဆိုလို့ တက်လိုက်တယ်။ ကျောင်းပြီး ဘွဲ့ရတဲ့သူရှိသလို လမ်းခရီး တစ်ဝက်မှ ဘာသာပြောင်းတက်တဲ့ သူတွေလည်း ရှိကြတယ်။ ဥပမာ အိမ်နားက ကလေးတစ်ယောက်ဆို ဆေးလိုင်းဝင်တော့ မိဘက […]