cobraJanuary 20, 20111min760
ချင်းမိုင်(မဇိ္ဈမ) ။ ။ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ အမတ်လောင်းများက ပြည်ထောင်စု ကော်မရှင်ရုံးသို့ ကန့်ကွက်စာတင်မှုများကို ရက်ပိုင်းအတွင်း နေပြည်တော် ကော်မရှင်ခုံရုံးတွင် စစ်ဆေးတော့မည် ဖြစ်သည်။ ကချင်ပြည် ဖားကန့်မြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြံ့ဖွံ့ပါတီမှ ဦးအုန်းမြင့်ကို ပြိုင်ဘက် NDF အမတ်လောင်း ဒေါ်ဘောက်ဂျာက မဲမသမာမှုများဖြင့် ယခုလ ရ ရက်က ကန့်ကွက်စာ တင်ခဲ့သည်ကို လာမည့် ၂၆ ရက် ပြည်ထောင်စု ကော်မရှင် ခုံရုံးအဖွဲ့ ၁၅ တွင် ရက်ချိန်းပေးထားသည်။ “နေပြည်တော်မှာ ဦးအုန်းမြင့်ကိုယ်တိုင် ချိန်းလိုက်တယ်ပေါ့။ အဲဒီနေ့ အကုန်စုံကြမယ်။ ဖက်စ်နဲ့ ဦးအုန်းမြင့် ကိုယ်တိုင် ချိန်းတယ်ဆိုတာကို ကော်မရှင်က ရှေ့နေဆီ အကြောင်းကြားလာပါတယ်”ဟု NDF အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။ […]