pitiDecember 4, 20101min591
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အပြည့်အဝပေးမယ်ဆိုတဲ့ ပါတီစုံရွေးကောက်ပွဲကြီးကတော့ ကျင်းပပြီးစီးသွားခဲ့တာ တစ်လလောက်ရှိခဲ့ပါပြီ။ ရွေးကောက်ပွဲရဲ့ ရလာဒ်ကတော့ ကျွန်တော်တို့အများ မျှော်လင့်ထားသလိုပါပဲ။ ဘာပဲပြောပြောပါ။ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲရဲ့ ရလာဒ်ကို ပြောင်းလဲလို့မရတော့ လက်ခံရမှာပါ။ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ကြလိမ့်မယ်.. ရေးသားနိုင်ကြလိမ့်မယ်..ပြောဆိုနိုင် ကြလိမ့်မယ်… လုပ်ကိုင်ခွင့်ရကြမယ်လို့မျှော်လင့်ရတာပေါ့နော်။ နိုဝင်ဘာရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အတွင်း (နိုဝင်ဘာ ၁၃) ရက်နေ့က ပြည်သူ့အချစ်တော် တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ငြိမ်းခွင့်ပြုပေးခဲ့တဲ့ မင်္ဂလာသတင်းကို ဂျာနယ်တွေမှာ ဝေဝေဆာဆာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြလာခဲ့ကြတာတွေ့ရတော့ သတင်းဂျာနယ်တွေရဲ့ လွတ်လပ်ခွင့်ကို ကျွန်တော်တို့ရရှိပြီလို့ ထင်ခဲ့ပါတယ်၊ ဒါပေမယ့် ဂျာနယ်အချို့ အရေးယူခံရတာကိုတွေ့ရတော့………. မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေရရှိစေတဲ့ စီးပွားရေးလုပ်ငန်းကောင်းတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ အခြားဆက်နွယ်နေတဲ့ လုပ်ငန်းရှင်တွေဟာ နိုဝင်ဘာရွေးကောက်ပွဲကို အတော်စိတ်ပူပန်ခဲ့ကြရပါတယ်။ မတော်လို့ […]