“သဘာဝအလွမ်းမင်းသားကြီး (ဦးကြင်ဥ)” ရှေးကဗျာများပြန်လည်ဖော်ထုတ်ခြင်း အမှတ် (၈) ရှေးကရှိခဲ့ကြတဲ့ မြန်မာ့ကဗျာပညာရှင်တွေ ထဲမှာဆိုရင် မြေထဲစီရင်စု ဆင်ပေါင်ဝဲရွာသား စာဆိုတော်ဦးကြင်ဥကတော့ ဝန်ကြီးပဒေသရာဇာလိုဘဲတီထွင်ဆန်းသစ်သောအတွေးရှိသူလို့ မှတ်သားခဲ့ရပါတယ်။ ရှေးအခါက နန်းတွင်းသူနန်းတွင်းသားများဖတ်ဘို့စာပေတွေကိုရေးသားကြ တဲ့အခါမှာ ဝေဿန္တရာလို မဟော်သဓာလို ဘုရားနဲ့ပါတ်သက်တဲ့ ဇာတက တွေကို စာသားအကွန့်အညွန့်တွေနဲ့ရေးသားပေမယ် ဇာတ်လမ်းကတော့ ဇာတ်ကြီးဆယ်ဖွဲ့ထဲကနေ မထွက်နို်င်ခဲ့ပါဘူး။ ဦးကြင်ဥ ကတော့ ဒီလို ဖတ်ရူ့ရုံသက်သက်ဇာတ်လမ်းတွေသာမကဘဲ နန်းတွင်းသူနန်းတွင်းသာများ ကပြနိုင်မယ့်ပြဇာတ်အများအပြားကိုပါရေးဖွဲ့ ခဲ့ပါတယ်။ သူရေးဖွဲ့ခဲ့တဲ့ဒေဝကုမ္ဘဏ်၊ပါပဟိန်၊ကလာကဏ္ဏီ ပြဇာတ်တွေကတော့ သူ့ရဲ့ကိုယ်ပိုင်စိတ်ကူးအတွင်းကနေပေါက်ဖွားလာခဲ့တဲ့ပြဇာတ်များဖြစ်ပါတယ်၊ အဲလို့ဇာတ်ထုတ်များကိုတော့ ရှေးက “ထိုးဇာတ်”လို့အမည်ပေးခဲ့ပါတယ်။ ဦးကြင်ဥဟာတောသူတောင်သားတစ်ယောက်ဖြစ်ပေမယ့် ထီးသုံးနန်းသုံး ဝေါဟာရများကို နိုင်နင်းကျွမ်းကျင်စွာရေးဖွဲ့နိုင်သလို အများနားလည်အောင် တိုတိုရှင်းရှင်းနဲ့ ထိရောက်စွာရေးနိုင်သူလို့လဲပညာရှင်များကလေးစားစွာ အကဲဖြတ်ခဲ့ကြပါတယ်။ ဦးကြင်ဥ ရေးဖွဲ့တဲ့ ရတုများ ဆယ်နှစ်ရာသီဘွဲ့များနဲ့ညည်းချင်းများမှာ တောတောင်ရေမြေ ရာသီဥတုနဲ့သဘာဝတရားကို အခြေခံထားပြီးအလွမ်းကဲသောရေးဖွဲ့မူ့တွေများတယ်လို့ထင်ရပေမယ့် ပါပဟိန် ပြဇာတ်မှာပါတဲ့ […]