နွေဦးFebruary 9, 20121min29515
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ Excel Tower အနီး ကမ္ဘာအေးစေတီလမ်းမပေါ်၌ယာဉ်သုံးစီးဆင့်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း။ ၄၃ အထူးယာဉ်လိုင်းကားမှာအရှိန်လွန်ပြီး မိမိ၏ယာဉ်ကြောမဟုတ်ဘဲ ကွေ့ကြောဘက်၌မောင်းနှင်စဉ် ဓမ္မစေတီမီးပွိုင့်တွင် တက္ကစီကားကိုတိုက်မိ၍ Mark II ရွှေငါးအမျိုးအစား ကားကို ထပ်မံဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Mark II ရွှေငါးကားက တစ်ပတ်လည်သွားပြီး လိုင်းကားက ဘေးကိုတိုက်မိခါ ကား ရှေ့ခြမ်းကိုတက်ကြိတ်သလိုဖြစ်သွားသည်။ ရွှေငါးကားမှာ ရှေ့ခေါင်း ပိုင်းတစ်ခြမ်းနှင့် နောက်ပိုင်းတွင်ပါတော်တော်ပျက်စီးသွားသည်ဟု သိရသည်