black chawMarch 8, 20127min12413
မနေ့က တပေါင်းလပြည့်နေ့။ ရွှေတိဂုံဘုရားကြီး နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးရဲ့ နောက်ဆုံးရက်။ နယ်က ညီမတွေက သွားချင်တယ်ဆိုလို့ လပြည့်နေ့ဆို ရွှေတိဂုံဘုရားရှောင်လေ့ရှိတဲ့ ကျွန်တော် ရွှေတိဂုံဘုရားတက်ဖြစ်ခဲ့ပါတယ်။ လူတွေလူတွေ တချို့များ ထမင်းတွေဟင်းတွေ ချက်ယူလာပြီး ဘုရားပေါ်ကျမှ ပျော်ပွဲစားထွက်သလို စားနေကြတာလည်း တွေ့ရဲ့။ လမ်းကို မနည်းလျှောက်ယူရလောက်အောင် လူတွေကများလွန်းပါတယ်။ ထုံးစံအတိုင်း ကင်မရာလေးနဲ့ လက်ဆော့လာခဲ့တယ် ပေါ့ဗျာ။ အဝေးရောက် မြန်မာပြည်ကို လွမ်းနေကြသူတွေ၊ နယ်မှာနေသူတွေအတွက် အလွမ်းပြေ ပေါ့ဗျာ။