mashwetoteJanuary 13, 20121min29730
မနှစ်က စာမေးပွဲအပြီး လုပ်စရာမရှိ၊ အားနေတာနဲ့ အစ်မတစ်ယောက် ပြောတဲ့ Three Idiots (ငပေါသုံးကောင်) ဆိုတဲ့ ဟိန္ဒူရုပ်ရှင်တစ်ခုကို ကြည့်မိတယ်။ ဟိန္ဒူရုပ်ရှင်တွေဆိုရင် ဘာကြည့်ရမှန်းမသိတာရယ်၊ သိပ်အကြိုက်မတွေ့တာရယ်ကြောင့် သိပ်မကြည့်ဖြစ်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ သူက အရမ်းရယ်ရတယ် ကြည့်ကြည့်ဆိုလို့ ဘာမှလုပ်စရာမရှိတာနဲ့ပဲ ကြည့်ဖြစ်သွားတယ်။ ကြည့်လိုက်တော့မှ ရယ်ရရုံတင်မက၊ အဓိပ္ပါယ်ပါရှိတယ်ဆိုတာ သိလိုက်ရတယ်။ ရုပ်ရှင်က (မြန်မာပြည်နဲ့ အတော်ဆင်တူတဲ့) အိန္ဒိယပြည်ရဲ့ ပညာရေးစနစ်ကြောင်းကို ရိုက်ထားတာပါ။ အိန္ဒိယပြည်က စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝကို အခြေခံပြီးရိုက်ထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဇာတ်ဆောင်က စက်တွေကိုမြတ်နိုးလွန်းလို့၊ စက်တွေနဲ့ တီထွင်ရတာကို သဘောကျလွန်းလို့ စက်မှုတက္ကသိုလ်ကို သွားတက်တဲ့သူ၊ “လူကြမ်း” ကတော့ စာကိုမျက်စိမှိတ်ပြီး အလွတ်ကျက်တဲ့စနစ်ကို သဘောကျတဲ့ စက်မှုတက္ကသိုလ်က ပါမောက္ခ။ ဇာတ်ဆောင်မင်းသားနဲ့ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်ကတစ်ဖက်၊ “လူကြမ်း” […]