weiweiApril 30, 20135min17010
(15-4-2013) သင်္ကြန်အတက်နေ့ မနက် ၆ နာရီခွဲလောက်မှာ မူဆယ်ကနေ ပြန်ခဲ့ကြပါတယ်။ လမ်းမှာ မြူတွေကျနေလို့ ကားကို ဖြည်းဖြည်းချင်းပဲ မောင်းလာခဲ့ရတယ်။ မိုးရွာထားတဲ့အရှိန်ကြောင့် ရာသီဥတုက အေးနေပါတယ်။ မြူတွေကျနေတဲ့ ပတ်ဝန်းကျင်ကလဲ ဆောင်းရာသီလိုဖြစ်နေတယ်။ ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း တစ်မြို့ပြီးတစ်မြို့ ဖြတ်လာခဲ့ကြတယ်။ သိန်းနီမြို့နားရောက်ခါနီးမှာ သိန်းနီကို အပေါ်စီးမှ လှမ်းမြင်ရပါတယ်။ လှပတဲ့ကျောက်ဆောင်တွေလဲရှိတာမို့လို့ ခဏကားရပ်ပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ် .. ကွတ်ခိုင်မြို့ထဲမှာ ပုံစားရှမ်းထမင်းဆိုင်တွေရှိပြီး ဈေးလဲသက်သာ စားလို့လဲကောင်းတယ်လို့ သိထားပေမယ့် အချိန်က ထမင်းစားချိန်မဟုတ်လို့ ဝင်မစားခဲ့ရဘူး။ လားရှိုးလောက်ရောက်ရင် နေ့လည်စာအချိန်နဲ့ကိုက်မှာမို့လို့ လားရှိုးရောက်မှပဲ ထမင်းစားဖို့ စီစဉ်လိုက်ကြတယ်။ လားရှိုးမြို့ထဲဝင်တော့ မနက် ၁ဝ နာရီခွဲလောက်ရှိပါပြီ။ ဗိုက်လဲသိပ်မဆာသေးလို့ မန်စူဘုရားကို အရင်ဝင်ဖူးလိုက်ကြတယ်။ ဘုရားပေါ်ကနေ လားရှိုး တစ်မြို့လုံးကို မြင်ရတဲ့ ရှုခင်းက […]


weiweiApril 28, 20135min18211
ရေတံခွန်ကနေ အပြန်လမ်းမှာ ကားသမားကို မေးကြည့်လိုက်မိတယ် … ဝမ်တိန်ကိုသွားရင် ဘယ်လောက်ထပ်ပေးရမလဲလို့ပေါ့။ တကယ်တော့ ဘယ်လောက်ဝေးမှန်းမသိဘူး။ လွန်ခဲ့တဲ့ ၁၉ နှစ်လောက်က တစ်ကြိမ်ပဲ ရောက်ဖူးတာမို့လို့။ အဲဒီတုန်းကတော့ ဝမ်တိန်လဲရောက်တယ်။ မန်စည်လဲရောက်တယ်။ လမ်းတွေစခင်းနေတုန်းကမို့လို့ မန်စည်တောင်တက်လမ်းတွေက အသဲယားစရာကောင်းတယ်။ အဲဒါကို မှတ်မိနေလို့ ကျွန်မအမေက မန်စည်ကို လုံးဝမသွားဘူးနော်လို့ ဝင်ပြောတယ်။ ဝမ်တိန်ကို အသွားအပြန် ၁၀ဝ ယွမ်လို့ပြောပါတယ်။ တန်သလား မတန်သလားမသိပေမယ့် ထွက်လက်စဖြစ်နေလို့ သွားမယ်ဆိုပြီး သွားဖြစ်လိုက်တယ်။ လမ်းတစ်လျှောက်မှာ တိုက်ခန်းအသစ်တွေ အများကြီးဆောက်နေတာရော ဆောက်ပြီးတာရော တွေ့ခဲ့တယ်။ နေ့လည်ထမင်းစားချိန်ကျော်နေပြီမို့လို့ ဝမ်တိန်က ဆိုင်လေးတစ်ဆိုင်မှာ ဆန်ခေါက်ဆွဲဝယ်စားပြီး နေ့လည်စာပြီးလိုက်ကြတယ်။ တကယ်တော့ ဝမ်တိန်က နီးနီးလေးပါ။ မိနစ် ၂ဝ လောက်ပဲ ကြတယ်။ မြို့ပြင်လမ်းတွေကို ဟိုငေးဒီငေးလုပ်ပြီး ဝမ်တိန်ရောက်တော့ […]


weiweiApril 25, 20137min34924
ဒီပို့စ်နဲ့ အတူ ရေတံခွန်ကို သွားကြမယ် … ဓါတ်ပုံကနေပဲ အဆင့်ဆင့် သွားကြရအောင် … ဒီနေရာမှာ ပြောချင်တာတစ်ခု သတိရသွားတယ်။ ငါးစာကြွေးတဲ့ ပုံစံပါ။ ကလေးနို့ဗူးလိုဗူးထဲမှာ ငါးစာလေးတွေထည့်ထားတယ်။ နို့သီးခေါင်းမှာ အပေါက်ဖောက်ထားပေးပါတယ်။ ဒုတ်ချောင်းအရှည်ထိပ်မှာ နို့ဗူးကိုတပ်ထားတယ်။ ရေကန်ထဲကို ထည့်ပြီး ငါးစာကျွေးတဲ့အခါ ငါးတွေက နို့သီးခေါင်းကို လာစုပ်ပြီး အစာကို ထုတ်ယူပါတယ်။ အစာအလေအလွင့်လဲမဖြစ်ပဲ ရေကိုလဲ မညစ်ပတ်စေတဲ့ အလွန်ကောင်းတဲ့ နည်းလမ်းလေးပါပဲ … အားလုံးပဲ မောသွားပြီလားမသိဘူး … ရေတံခွန်နားမှာ ရေနွေးကြမ်းဆိုင်တစ်ဆိုင်တွေ့ပါတယ် … ဝင်ထိုင်ကြအုန်းမလား … အဝသောက် ယွမ် ၂ဝ တဲ့ … ကျွန်မတို့တော့ မသောက်တော့ပဲ ပြန်လာလိုက်ကြတယ် .. ရာသီဥတုကောင်းလဲ ပတ်ဝန်းကျင်သာယာတာကြောင့် မောရမှန်းတောင်မသိပါဘူး … […]


weiweiApril 25, 20134min41329
မနက် ၆ နာရီလောက် အိပ်ယာထပြီး လိုအပ်တာတွေ ပြင်ဆင်ပါတယ်။ ရွှေလီမှာ ၂ ည အိပ်မယ်လို့ စိတ်ကူးထားလို့ အကျီ (၂) စုံစီပဲ ထည့်ပြီး ကျန်တာအားလုံး ကားထဲမှာ ထားခဲ့လိုက်တယ်။ ကျွန်မတို့တည်းတဲ့ ဟိုတယ်ရဲ့ ဘေးနားမှာတင် ကျယ်ဂေါင်ကို ဝင်တဲ့ ဂိတ်တစ်ခုရှိပါတယ်။ လူအများစုက ပင်မဂိတ်ကြီးကနေ ဝင်ကြပါတယ်။ ကျွန်မတို့ကတော့ ပင်မဂိတ်ကြီးမှာ လူတွေအများကြီး တန်းစီစောင့်ရမှာစိုးလို့ အလုပ်သမားတွေဝင်တဲ့ဂိတ်ဘက်ကနေ ဝင်ခဲ့ကြတယ်။ အဲဒီဂိတ် ၂ ခုက သိပ်မဝေးပါဘူး။ ရန်ကုန်အနေနဲ့တိုင်းတာရင် မှတ်တိုင်တစ်ခုစာလောက်ပဲ ဝေးပြီး လမ်းမကြီးတစ်ခုထဲပေါ်မှာပဲ ရှိပါတယ်။ ဂိတ်ပေါက်ဝမှာ အထဲဝင်ဖို့ တန်းစီစောင့်နေတဲ့လူတွေတွေ့ရတယ်။ ဈေးသွားရောင်းမယ့် လှည်းလေးတွေလဲတွေ့ခဲ့ရတယ်။ တစ်ဘက်မှာတော့ လဝက ရုံးရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ချက်ချင်းလုပ်ပေးနေပါတယ်။ အဲဒီမှာလဲ တန်းစီရပေမယ့် ကျွန်မတို့က […]


weiweiApril 24, 20131min27913
လားရှိုးကနေ ထွက်လာတဲ့အချိန်မှာ နေ့လည် ၁၂ နာရီလောက်ရှိပါပြီ။ နေ့လည်စာလဲ စားပြီးပြီဆိုတော့ အိပ်ငိုက်ရင်း လိုက်ပါလာပါတယ်။ လားရှိုးကထွက်လာပြီးနောက် သတိထားမှတ်မိနေခဲ့တဲ့မြို့တွေကတော့ သိန်းနီမြို့နဲ့ ကွတ်ခိုင်မြို့ဖြစ်ပါတယ်။ တောင်ပေါ်လမ်းတွေမှာ ကားသေးသေးနဲ့သွားနေရတဲ့အတွက် ကောင်းကောင်းအိပ်လို့မရခဲ့ပါဘူး။ ပတ်ဝန်းကျင်အလှကို ခံစားရင်း စကားတပြောပြောနဲ့ပဲ ဆက်သွားခဲ့ပါတယ်။ သင်္ကြန်ပိတ်ရက်ဖြစ်တဲ့အတွက် လိုင်းကားတွေမထွက်ဘူးလို့ထင်ပါတယ်။ လမ်းမှာ ခရီးသည်တင်ကားအကြီးတွေ မတွေ့ရသလောက်နဲပါးပြီး ဘုရားဖူးကားကြီးတွေသာ တွေ့ခဲ့ရပါတယ်။ လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတွေကိုတော့ မိုင် ၂ဝ လောက်မောင်းပြီးရင် တစ်ခု ထားထားတယ်နဲ့တူပါတယ်။ ASIA WORLD တံဆိပ်နဲ့ လမ်းအသုံးပြုခ ကောက်ခံနေကြတယ်။ ကားသေးအတွက် ၅၀ဝ ကျပ်ပေးရတယ်။ ဘယ်နှစ်ခုလောက် ပေးခဲ့ရတယ်ဆိုတာတော့ မမှတ်မိတော့ဘူး။ တစ်ချို့ဂိတ်တွေက ၂၀၀၊ တစ်ချို့နေရာက ၃၀ဝ လဲရှိတယ်။ ဒါပေမယ့် အများဆုံးကတော့ ၅၀ဝ ပါပဲ။ ဒီလိုလမ်းကောင်းကောင်းအတွက် […]


weiweiApril 24, 20134min63716
(၁၃-၄-၂၀၁၃)ရက်နေ့ မနက် (၆) နာရီ ဟိုတယ်ကနေ ထွက်ခဲ့ကြပါတယ်။ မနက်စာကို မေမြို့ရောက်တိုင်း စားနေကျဖြစ်တဲ့ လှိုင်းလက်ဖက်ရည်ဆိုင်မှာ စားချင်လို့ ဆိုင်ပျောက်ရှာခဲ့ရသေးတယ်။ အရင်ရှိတဲ့နေရာမဟုတ်တော့ပဲ လိပ်စာပြောင်းသွားတဲ့အတွက် ဟိုမေး ဒီမေးနဲ့ နောက်ဆုံးတော့ တွေ့သွားပါတယ်။ လမ်းသွယ်တစ်ခုထဲကို ပြောင်းသွားတာဖြစ်ပါတယ်။ ကျွန်မကို လိပ်စာမေးရင်တော့ မပြောတတ်ပေမယ့် လိုက်ပို့ဆိုရင်တော့ ပို့ပေးတတ်ပါတယ်။ မေမြို့မှာနွားနို့ပေါတဲ့အတွက် မနက်စာ နံပြား မလိုင်က အရမ်းအရသာရှိပါတယ်။ မေမြို့ကော်ဖီကလဲ မွှေးမွှေးစိမ့်စိမ့်လေးနဲ့ သောက်လို့ကောင်းတယ်။ မနက်စာစားပြီးနောက် မြို့ပြင်ထွက်တဲ့လမ်းပေါ်မှာတည်ရှိတဲ့ မဟာအံ့ထူးကံသာဘုရား (ပြည်ချစ်ဘုရား) ဝင်ဖူးကြပါတယ်။ မနက်စောစော ဘုရားဖူးရတာ ကြည်နူးစရာကောင်းပါတယ်။ အေးမြတဲ့ရာသီဥတုနဲ့ လှပတဲ့ရှုခင်းတွေက ဘယ်နှစ်ကြိမ်သွားသွား မရိုးနိုင်အောင်ပါပဲ … ဘုရားဖူးပြီးနောက် ဆီဆိုင်တစ်ဆိုင်မှာ ဆီဝင်ထည့်ပြီး ခရီးဆက်ကြတယ်။ ဓါတ်ဆီ 92 ဘယ်လောက်ကုန်သလဲဆိုတော့ ရန်ကုန်ကနေ မေမြို့အထိ […]


weiweiApril 23, 20133min29117
ရုက္ခဗေဒ ဥယျာဉ်က ပြန်ထွက်လာချိန်မှာ နေ့လည် ၃ နာရီ ကျော်သွားပါပြီ။ တိုင်းရင်းသားကျေးရွာအသစ်တစ်ခု တည်ဆောက်ထားတာ တွေ့ရပါတယ်။ နေပူနေတာတစ်ကြောင်း၊ အချိန်သိပ်မပေးချင်တာတစ်ကြောင်းမို့လို့ မဝင်ဖြစ်ခဲ့ပါဘူး။ ကားပေါ်ကနေပဲ ဓါတ်ပုံရိုက်ယူခဲ့တယ်။ အပေါ်ကပုံတွေအားလုံး ကားမောင်းနေစဉ်မှာ လျှပ်တစ်ပြက်ရိုက်ထားပုံများဖြစ်ပါတယ်။ တရုတ်ဘုံကျောင်းကို သွားခဲ့ပါတယ်။ မေမြို့ရောက်တိုင်း အမြဲတမ်း သွားဖြစ်တဲ့နေရာပါ။ ကာလာရောင်စုံနဲ့ လှပတဲ့ဒီဇိုင်းတွေက စွဲဆောင်မှုရှိသလို ဓါတ်ပုံထဲမှာလဲ အရမ်းလှပါတယ်။ လုပ်နေကျအတိုင်း စာချတဲ့ တူဗေဒင်ကို အပျော်သဘောမျိုး မေးကြည့်ခဲ့သေးတယ်။ ခရီးသွားအကျိုးပေးမယ်လို့ ဟောစာတမ်းမှာပါလို့ မှန်လိုက်တဲ့ဗေဒင်လို့ ပြောခဲ့မိသေးတယ်။ အလကားတိုက်တဲ့ ရေနွေးကြမ်းသောက်ပြီး တရုတ်လက်ဖက်ခြောက်နဲနဲအားပေးခဲ့ပါတယ်။ လက်ဖက်ခြောက်ရောင်းတဲ့ဝင်ငွေနဲ့ အဘိုးအဘွားတွေကို စောင့်ရှောက်ထားတာလို့ သိရတဲ့အတွက် အလှူလို့ သဘောထားပြီး ဝယ်ဖြစ်ခဲ့တယ်။ ဒီတစ်ခေါက်မှာမှ တွေ့မိတာကတော့ စွန်းဝူခွန်းတို့အဖွဲ့ရဲ့ ချစ်စရာကောင်းတဲ့ ရုပ်ထုလေးတွေပါ။ အနောက်ဘက်မှာပဲ နဂါးခေါင်းကြီးလိုမျိုး လုပ်လက်စ […]


weiweiApril 23, 20132min15316
ဒီနှစ်သင်္ကြန်ပိတ်ရက်မှာ တရုတ်ပြည်နယ်စပ်မြို့ ရွှေလီသို့ အလည်တစ်ခေါက်သွားဖြစ်ခဲ့ပါတယ်။ ကျွန်မအတွက် တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၀၄ ခုနှစ်မှာတစ်ကြိမ်နဲ့ ယခု ၂၀၁၃ မှာတစ်ကြိမ်ဖြစ်ပါတယ်။ ခရီးသွားအတွေ့အကြုံများနေပြီဖြစ်တဲ့အတွက် သိချင်တဲ့သူတွေရှိရင် ဗဟုသုတရစေရန်ရည်ရွယ်ပြီး ခရီးစဉ်တစ်ခုအနေနဲ့ ရှင်းပြပေးချင်တဲ့ဆန္ဒဖြစ်လာတာနဲ့ ခရီးသွားဆောင်းပါးတစ်ခုအနေနဲ့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်မတစ်ဦးတည်း ကိုယ်တွေ့အမြင်အတိုင်း ရေးမှာဖြစ်တဲ့အတွက် အမှားအယွင်းလဲ ပါနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အပျော်သဘောမျိုး ကျွန်မပို့စ်နဲ့အတူ ရွှေလီကို အလည်လိုက်ခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ ပထမဆုံး ပြောပြချင်တာကတော့ ဘယ်လိုသွားမလဲဆိုတာပါ။ မူဆယ်ကို သွားမယ်ဆိုရင် ရန်ကုန်-မန္တလေး-မူဆယ် ကားလက်မှတ်ဝယ်ပြီး သွားလို့ရပါတယ်။ လက်ရှိပေါက်ဈေးကတော့ အသွား ၂၅၀၀ဝ ကျပ်၊ အပြန် ၂၅၀၀ဝ ကျပ်ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ဘုရားဖူးအဖွဲ့တွေနဲ့ အဆင့်မြင့်ခရီးစဉ်၊ ရိုးရိုးခရီးစဉ် နှစ်မျိုးဖြင့် စိတ်ကြိုက်ရွေးပြီးသွားလို့ရပါတယ်။ လမ်းမှာရှိတဲ့ ဘုရားတွေအကုန်ဝင်ပေးမှာဖြစ်ပြီး ထမင်းကျွေး၊ […]