unclegyi1974August 13, 20111min66
လယ်ယာလုပ်ငန်းအောင်မြင်ဖြစ်ထွန်းရန်လယ်ယာလုပ်ကိုင်နေသူများအဓိကအရေးကြီးပါ တယ် လယ်ယာလုပ်ငန်းအောင်မြင်ဖြစ်ထွန်းရန်အဓိကရာသီဥတုမှန်ရပါမယ် လုပ်ကိုင်သူတောင်သူငွေကြေးပြည့်စုံရပါမယ် မိမိလုပ်ငန်းခွင်အကြောင်းကောင်းကောင်း သိရပါမယ် အပင်ရေလိုသလား မြေဩဇာလိုသလား ပိုးကျနေသလား ပိုးကျရင် ဘာပိုးသတ်ဆေးသုံးရမယ်စသဖြင့်လုပ်ငန်းနှင့်စပ်သမျှသိရှိနေရပါမယ် ဒီအချက်တွေကမြန်မာနိုင်ငံစိုက်ပျိုးရေးမှာမမှားတဲ့အချက်တွေလို့ပြောလို့ရပါမယ် ဒါကသမားရိုးကျစိုက်ပျိုးရေးလုပ်နေတဲ့နိုင်ငံတွေအတွက်မှန်ပါမယ် သို့သော်ခေတ်ကြီးကအပြောင်းလဲကြီးပြောင်းလဲပြီးဂြိုလ်တုခေတ်ဖြစ်နေပါပြီ ဒါတွေသိရုံလောက်နဲ့ဒီနေ့ခေတ်စိုက်ပျိုးရေးလောကကြီးထဲမဝင်နိုင်တော့ပါဖူး ဒီနေ့ခေတ်မှာနိုင်ငံတော်ရဲ့အခန်းကစိုက်ပျိုးရေးမှာအရေးကြီးလာပါပြီ မြန်မာနိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်ပါသည်ဟုအစိုးရအဆက်ဆက်ကပြောကြား ခဲ့သော်လည်းယနေ့ခေတ်မှီစိုက်ပျိုးရေးနိုင်ငံအဖြစ်ရောက်အောင်မည်သို့မှလုပ်ဆောင် နိုင်မှုမရှိသည်ကိုတွေ့ရှိရပါသည် စိုက်ပျိုးရေးအတွက်ရေသည်အဓိကကျသော်လည်းရေတမျိုးတည်းဖြင့်သီးနှံအောင်မြင် ဖြစ်ထွန်နိုင်သည်မဟုတ် လက်မှုလယ်ယာမှသည်စက်မှုလယ်ယာသို့ဆိုပြီးအော်နေယုံ တဧကငွေသောင်းကဏန်းထုတ်ချေးပေးယုံ တလုံးထိုးထွန်စက်စက်များဖြင့်ထွန်ယက် နိုင်ကြယုံဖြင့်စက်မှုလယ်ယာကြီးမဖြစ်လာနိုင် စက်မှုလယ်ယာလုပ်ငန်းသို့ကူးပြောင်းရာ တွင်နိုင်ငံတော်အပိုင်းမှကူညီပံ့ပိုးပေးမှုကလွန်စွာအရေးကြီးကြောင်းအထူးပြောရန်မလို တနေ့ကဗီအိုအေအသံလွှင့်သွားသည်ကိုနားထောင်ဖြစ်ရာမောင်ဘချစ်၏ အသံလွှင့်ချက်ကိုနားထောင်လိုက်ရသည်ကိုမှတ်မိသမျှအနည်းငယ်ပြောလိုပါသည် သူကအမေရိကန်အိုင်အိုဝါးပြည်နယ်လယ်ယာလုပ်ငန်းခွင်တခုအကြောင်းဥပမာပေးသွား ပါသည် အမေရိကန်ပြည်တွင်လယ်ယာလုပ်ငန်းလုပ်ကိုင်အသက်မွေးသူသည်နိုင်ငံလူ ဦးရေ၏ ၂ဝ ရာခိုင်နှုံးသာရှိသော်လည်းတနိုင်ငံလုံး၏စားရေးဖုံလုံသည့်အပြင်နိုင်ငံရ့ပ် ခြားသို့ပင်ပိုလျှံသည်မျာ