manawphyulaySeptember 11, 20111min1146
အရင်က ရွှေတောင်အကြောင်းပြောပြီး ပုံမတင်ပေးလို့ ပြောနေကြသူများအတွက် ကွန်နက်ရှင်နည်းနည်းအဆင်ပြေတဲ့အချိန် တင်ပေးလိုက်ပါတယ်နော်။ ရွှေတောင်မြို့မှ ကြိုဆိုပါတယ် ရွှေပြောင်ပြောင်ဘုရား ဖူးမြော်ကြရအောင်


manawphyulayMarch 3, 20111min884
ရွှေနတ်တောင်ဘုရားကြီးအကြောင်းကတော့ ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ ရွှေနတ်တောင်ဘုရားသည် မြန်မာနိုင်ငံတွင် ထင်ရှား၍ တန်ခိုးကြီးဘုရားစေတီတော်တို့တွင် တစ်ဆူအပါအဝင် ဖြစ်တယ်။ ရွှေနတ်တောင် ဘုရားသည် ရွှေတောင်မြို့တောင်ဖက် လေးမိုင်အကွာ ဒေဝါဂီရီခေါ် ရွှေနတ်တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိပြီး စေတီတော်ဆိုင်ရာ သမိုင်းဟောင်း၊ သမိုင်းလတ်များအပြင် ပါဠိဘာသာဖြင့် ရေးသားထားသော သမိုင်းသစ် စသည်ဖြင့် အထင်အရှားရှိပါသည်။ သမိုင်းအဆိုအရ မြတ်စွာဘုရား သခင်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူပြီးနောက် တစ်နှစ်မြောက်ဖြစ်သော သက္ကရာဇ် ၁၀၄ ခုနှစ်တွင် ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတိုက်မှ ယခု ရွှေနတ်တောင် ဘုရားတည်ရာ ဒေဝါဂီရိတောင်သို့ အရံသံဃာမပါ ကိုယ်တော်တစ်ပါးတည်းသာလျှင် တောင့်စောင့်ကြီးနတ်ကြီးအသွင်ဖြင့် ကြွရောက်တော်မူသည်။ ထိုကာလက ယင်းတောင်ကြီး၏ အနီးရှိ ယခု ရွှေတောင်မြို့ နေရာဖြစ်သော ကဉ္စန ဂီရိ နိဂုံးသူ နိဂုံးသားတို့သည် ဘာသာအလိုက် စရိုက်အားလျော်စွာ […]