weiweiJuly 24, 20145min31717
မယ်ဆိုင်ဘက်မှာ ၂ ည အိပ်ပြီးနောက် နောက်ထပ်တစ်ရက်စာ လည်ပါတ်ဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ ခရီးသွားခေါင်းဆောင်က အစီအစဉ်ပြောင်းပါတယ်။ တရုတ်ပြည်နယ်စပ်မိုင်းလားမြို့ကို သွားမယ်လို့ ပြောလာပါတယ်။ သွားချင်တဲ့သူလဲရှိသလို မသွားချင်တဲ့သူလဲရှိပါတယ်။ ကျွန်မကိုသာမေးရင် မသွားချင်ဘူး မယ်ဆိုင်ဘက်မှာပဲ ထပ်လည်မယ်လို့ ပြောမှာပါ။ ဒါပေမယ့် အများဆန္ဒကိုမမေးပဲ သွားချင်တဲ့သူအနဲစုဆန္ဒကို ဦးစားပေးပြီး ခရီးစဉ်ကို ပြောင်းလိုက်ပါတယ်။ မနက်စောစော မယ်ဆိုင်ကနေ တာချီလိတ်ဘက်ကို ပြန်ရတယ်။ တာချီလိတ်ကနေ ကျိုင်းတုံ – ကျိုင်းတုံးကနေမှ မိုင်းလားကို မိုင် ၉ဝ ကျော် ဆက်သွားကြရမှာဖြစ်ပါတယ်။ အသွားတုန်းကထဲက သိခဲ့သလိုပဲ တာချီလိတ်ကနေ မနက် ၈ နာရီကျော်မှ ထွက်ဖြစ်ခဲ့ပြီး ကျိုင်းတုံကို နေ့လည်ထမင်းစားချိန်ရောက်တယ်။ နေ့လည်စာစားပြီး မိုင်းလားမှာသုံးဖို့ တရုတ်ငွေလဲကြရပါတယ်။ ပြီးတော့ ခရီးဆက်ကြတယ်။ လမ်းခရီးက […]


weiweiJuly 15, 20145min33817
ဘုရားဖြူကနေ မူလမြဘုရားကို ဆက်သွားကြပါတယ်။ ဆင်တူ အံဇာတုံးကား (၈) စီး တန်းစီပြီး သွားကြပါတယ်။ ကားသမားတွေရဲ့ စည်းလုံးညီညွတ်မှုတစ်ခုကို တွေ့ခဲ့ရသေးတယ်။ လမ်းကွေ့တစ်ခုရောက်တိုင်း ကားတစ်စီးက ဝင်ရပ်ပြီး ကြားထဲကို တခြားကားတွေဖြတ်မဝင်အောင်ကာထားပေးလေ့ရှိပါတယ်။ ပြီးတော့မှ အဲဒီကားက နောက်ဆုံးကနေ ပြန်လိုက်တယ်။ အရမ်းရှင်းနေတဲ့ လမ်းတွေမှာတောင်မှ စည်းကမ်းတကျမောင်းနေတာက ကျွန်မတို့ရန်ကုန်သူားတွေအတွက် အံ့ဩစရာဖြစ်နေခဲ့တယ်။ တစ်စီးနဲ့တစ်စီး တစ်ချိန်လုံးဆက်သွယ်ပြီးစကားပြောနေကြတာလဲ သတိထားမိခဲ့ပါတယ်။ အချိန်မရလို့ မြဘုရားမှာ ၁၅ မိနစ်လောက်နဲ့ အမြန်ဝင်ခဲ့ရပါတယ်။ မြဘုရားလို့ နံမည်ခေါ်ပေမယ့် တကယ်တော့ ကျောက်စိမ်းဘုရားဖြစ်ပါတယ်။ ဘန်ကောက်က မြဘုရားထက် အရင်စောပြီး ပူဇော်ခဲ့တာဖြစ်လို့ မူလမြဘုရားလို့ ခွဲခြားပြီး နံမည်ခေါ်ပါတယ်။ ဘုန်းကြီးကျောင်းဝင်းတစ်ခုလိုမျိုးထဲမှာ ကျောင်းဆောင်ကြီးတွေနဲ့ထားရှိပါတယ်။ သန့်ရှင်းသပ်ရပ်မှုကတော့ ပုံတွေမှာပဲ ကြည့်လိုက်ပါအုန်း .. မူလမြဘုရားကနေပြီး ကိုးထပ်ဘုံကျောင်းကို ဆက်လက်ထွက်ခွာခဲ့ကြပါတယ်။ တစ်နာရီလောက် […]


weiweiJuly 13, 20145min36221
အပိုင်း (၅) မှာ ရွှေတြိဂံနေရာအထိ ပို့ပေးပြီး ၂ လ လောက် ထပ်ကြာသွားတယ်။ မှတ်မိကြသေးရဲ့လားတောင်မသိဘူး။ ချင်းရိုင်မြို့က နံမည်ကြီး White temple ၊ ယိုးဒယားလို Wat Rong Kung ကို ခရီးဆက်ကြမယ်။ အချိန် ၂ နာရီလောက် ကားဆက်စီးလိုက်တဲ့အခါ White temple ကို ရောက်ပါတယ်။ နေ့လည် ၁၂ နာရီရှိပြီမို့ ထမင်းစားဖို့နဲ့ လည်ပါတ်ဖို့ စုစုပေါင်း အချိန် ၁ နာရီခွဲ ရပါမယ်။ နွေနေ့လယ်ခင်းမို့ အလွန်ပူပြင်းနေပေမယ့် မြင်ရတဲ့ ရှုခင်းနဲ့ ဘုရားကျောင်းလက်ရာတွေက အံ့ဩစရာအလွန်ကောင်းပါတယ်။ အရမ်းခက်ခဲပင်ပန်းခဲ့တဲ့ ခရီးစဉ်တစ်ခုလုံးကို မေ့သွားနိုင်လောက်အောင် စွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 1997 ခုနှစ်မှာ chalermchai Kostpipat ဆိုသူ […]


weiweiMay 13, 20145min21710
ညဘက် ဟိုတယ်မှာ အေးအေးဆေးဆေးအိပ်လို့ရပါပြီ။ ထိုင်းစံတော်ချိန်နဲ့ မြန်မာအချိန်က ၃၅ မိနစ်ကွာပါတယ်။ နောက်တစ်နေ့မနက် ထိုင်းစံတော်ချိန် မနက် ၈ နာရီမှာမှ ခရီးစထွက်မှာမို့လို့ အစောကြီးထစရာ မလိုတော့ဘူး။ မယ်ဆိုင်က ဟိုတယ်တွေအကြောင်း သိသလောက်ပြောပြချင်ပါတယ်။ ကျွန်မတို့တည်းတဲ့ဟိုတယ်က သာမန်အဆင့်ပါပဲ။ 3 stars အဆင့်လောက်တော့ ရှိတယ်။ အခန်းတစ်ခန်းမှာ အိပ်ယာအကြီးတစ်ခု၊ အသေးတစ်ခုပါတယ်။ ၃ ယောက်အိပ်လို့ရပါတယ်။ ရေပူရေအေး၊ အဲယားကွန်း၊ တီဗီ၊ ရေခဲသေတ္တာ၊ မနက်စာပါပါတဲ့ အခန်းတစ်ခန်းကို ဘတ်ငွေ ၅၀ဝ (မြန်မာငွေ ၁၅၀၀၀)ပဲ ပေးရပါတယ်။ အဲဒီဟိုတယ်ကပ်ရက်မှာ တော်တော်ကြီးခမ်းနားတဲ့ဟိုတယ်တစ်ခုရှိတယ်။ အဲဒီမှာဆိုရင် တစ်ခန်း ဘတ် ၁၀၀ဝ ပါတဲ့။ မနက် (၈) နာရီမှာ ချင်းရိုင်မြို့ကို သွားကြပါမယ်။ ရွှေတြိဂံနေရာကို အရင်သွားပါမယ်။ ပြချင်တဲ့ပုံတွေများလို့ […]


weiweiMay 3, 20146min28414
ဂိတ်မှာချထားခဲ့ပြီး ဆက်မခေါ်သွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော် .. အလုပ်နဲနဲရှုပ်နေခဲ့လို့ပါ .. ကျွန်မတို့အဖွဲ့က အားလုံး ၈၈ ယောက်ဆိုတော့ ကားအခက်အခဲရှိပါတယ်။ မယ်ဆိုင်ဘက်မှာ အသုံးများတဲ့အိမ်စီးကားတွေက double cab လို့ခေါ်တဲ့ ကားတွေဖြစ်ပါတယ်။ ဟိုနားဒီနား ခရီးသွားဖို့အတွက်ကတော့ အံဇာတုံးလို့ ရန်ကုန်မှာခေါ်တဲ့ ၁ဝ ယောက်စီးကားတွေဖြစ်ပါတယ်။ ၁၁ ယောက်အထိ စီးလို့ရတဲ့ အံဇာတုံးကား ၈ စီးနဲ့ လူစုခွဲစီးပြီး ခရီးဆက်ကြရမှာဖြစ်ပါတယ်။ ခရီးသွားတွေက အစုံဆိုတော့ ၁၁ ယောက်တစ်စီး အမြန်တွဲလိုက်ဖို့ ခက်ခဲနေကြတယ်။ အချိန်အနဲငယ်ကြာပြီးမှ ၈ စီးလုံးလူပြည့်ပြီး တန်းစီးပြီး ထွက်ခဲ့ကြရပါတော့တယ်။ ၂ နာရီတောင်ရှိပြီမို့ အားလုံးဗိုက်ဆာနေကြပြီ။ မယ်ဆိုင်ဂိတ်ကနေ ၁ဝ မိနစ်လောက်မောင်းပြီး ယိုးဒယားဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်ပေးပါတယ်။ ကြိုက်တာမှာစားလို့ပြောပြီး ဒီအတိုင်းချပေးလိုက်တဲ့အခါ အားလုံးအလုအယက် (ကျွန်မအဖေက ဝေသာလီပြည် […]


weiweiApril 29, 20145min27519
ဒီနေ့ ခရီးစဉ်ကတော့ ကျိုင်းတုံ – တာချီလိတ်ပါ။ ၁၀၂ မိုင် ကွာဝေးပါတယ်။ ကားလမ်းကောင်းပြီး လမ်းကျယ်တဲ့အတွက် မောင်းနေကျ ကားသေးတွေနဲ့ဆိုရင် ၃ နာရီလောက်ပဲ မောင်းရတယ်လို့ သိခဲ့ရတယ်။ တာချီလိတ်ရောက်တာနဲ့ မယ်ဆိုင်ဘက်ကိုကူးပြီး မယ်ဆိုင်ဘက်မှာ နေ့လည်စာစားကြမယ်။ နယူးကျိုင်းတုံဟိုတယ်မှာ မနက်စာစားကြပြီးနောက် အနီးအနားက ဘုရားတွေကို သွားဖူးဖို့ အချိန်ရပါတယ်။ နယူးကျိုင်းတုံဟိုတယ်ဆိုတာ အရင်က အစိုးရပိုင်ခဲ့တဲ့ ကျိုင်းတုံဟိုတယ်ကို ပုဂ္ဂလိကဘက် လွဲပြောင်းပြီး လုပ်ငန်းလည်ပါတ်နေတာဖြစ်ပါတယ်။ ပြင်ဆင်ဖို့ အများကြီးလိုသေးတဲ့ အနေအထားမှာရှိပါတယ်။ မနက် ရ နာရီ ကားထွက်မယ်လို့ ဆော်အော်ထားပေမယ့် အားလုံးကတော့ အေးအေးဆေးဆေးစား၊ ဟိုတယ်ထဲ ဓါတ်ပုံတွေရိုက်၊ ဘုရားဘက်လမ်းလျှောက်စသဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြတယ်။ ကျိုင်းတုံမြို့ရောက်ဖို့ သိပ်မလွယ်တာကြောင့် ဘုရားတွေ ဖူးလိုက်ကြရအောင်နော် .. သင်္ကြန်ရက်ထဲမို့ ဘုရားတွေမှာ […]


weiweiApril 28, 20145min35418
ဒီနေ့လဲ တစ်နေကုန် ကားစီးပါအုန်းမယ် .. မြေပုံထဲမှာ ဆွဲထားတဲ့ ပန်းရောင်လမ်းအတိုင်းပဲ … စုစုပေါင်း မိုင် ၁၂ဝ ဝန်ကျင်လောက် တောင်တန်းတွေပေါ် ကားစီးကြမယ် … လိုရမယ်ရ ရွတ်စရာ ဘုရားစာတွေ သယ်လာခဲ့နော် .. မနက် ရ နာရီ ကုန်ဟိန်းမြို့ကနေ စထွက်မယ်လို့ စီစဉ်ထားပေမယ့် တကယ်တမ်းထွက်ဖြစ်တော့ ရ နာရီခွဲ ရှိပါပြီ။ ဟိုလူ့စောင့် ဒီလူ့စောင့်နဲ့ ပေါက်လို့ ပါလို့ မပြီးကြတဲ့သူတွေကို စိတ်မရှည်အောင်စောင့်ရအုန်းမယ် .. ကုန်ဟိန်းက စထွက်တာနဲ့ ပါတ်ဝန်းကျင်မှာ စမ်းချောင်းတွေနဲ့ စိမ်းစိမ်းစိုစိုရှိပါတယ်။ တစ်နိုင်တစ်ပိုင် ရေအားလျှပ်စစ် အသုံးပြုကြတာ တွေ့ရတယ်။ မိုင်တိုင်ကို သံလွင်မြစ်ကနေ စပြီး ခေါ်ဝေါ်တဲ့ဓလေ့တစ်ခု တွေ့ခဲ့ရတယ်။ တာလီကို ဖြတ်ပြီးနောက် တာကော် (၂) […]


weiweiApril 27, 20145min50728
ရွှေတြိဂံသို့ အလည်တစ်ခေါက် (၁) သင်္ကြန်ပိတ်ရက်မှာ (၉) ညအိပ် (၁၀) ရက်ခရီးစဉ်နဲ့ သွားဖြစ်ခဲ့တဲ့ ရွှေတြိဂံခရီးစဉ်ကို ပို့စ်တင်ဖို့ စိတ်ကူးလိုက်တိုင်း အပျင်းစိတ်က နောက်ကလိုက်လာပါတယ်။ စုတ်ပြတ်နေတဲ့ကော်နက်ရှင်နဲ့ ပြချင်တဲ့ဓါတ်ပုံတွေနဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ တွေးပူမိတာ အကြိမ်ကြိမ်ပဲ။ ခရီးစဉ်ရဲ့ အချိန်အများစုကလဲ ကားပေါ်မှာ ကားစီးရင်းကုန်ခဲ့တာမို့ ပြန်စဉ်းစားလိုက်ရင် အိပ်ပျော်နေတာကိုပဲ ပြန်သတိရမိပြန်တယ်။ ဒါပေမယ့်လဲ မှတ်တမ်းကျန်ခဲ့ချင်လို့ရယ်၊ မရောက်ဖူးသေးတဲ့သူတွေကို ခရီးစဉ်အကြောင်း ပြန်ပြောပြချင်တဲ့အတွက်ရယ် ကြိုးစားပြီး ပို့စ်တင်လိုက်ပါတယ်။ ရန်ကုန်ကနေ တောင်ကြီးအထိတစ်ရက်ကို ချန်ထားခဲ့ပြီး တောင်ကြီးကနေ စထွက်တဲ့အချိန်ကနေပဲ အခုခရီးစဉ်ကို စလိုက်ချင်ပါတယ်။ လိုက်ဖို့ အဆင်သင့်ဖြစ်ကြပြီလား?? တစ်နေကုန် ကားစီးရမှာနော် .. ကားက ၄၁ ခုံပါတယ်။ အဲယားကွန်းပါတယ်။ ကျန်းမာရေးအတွက်ဆိုရင် ခဏရပ်ပေးပါလိမ့်မယ် … တောင်ကြီးကနေ မနက်စောစော ဘုရားဖူးပြီး […]