moonpoemOctober 17, 20111min24418
သတင်းများတွင် ရေးကြပြောကြသည်။ မြန်မာလူမျိုး၊မှတ်ပုံတင်ရှိသည်ဆိုပါက လွတ်လပ်စွာ ငွေလဲလှယ်ခွင့် ရှိသည်။ မဟုတ်ပါ လုံးဝ မဟုတ်ပါ။ ကျွန်မလွန်ခဲ့သော တစ်ပတ်ကငွေလဲရန် သွားခဲ့သည်။ အောက်တိုဘာလ၉ရက်နေ ့က ထပ်မံမွမ်းမံလိုက်သော ပြင်ဆင်ချက်ကြောင့် မြန်မာလူမျိုးတိုင်းငွေလဲလှယ်ခွင့်မရှိတော့ပါတဲ့။ ပြည်ပသို ့သွားရောက်ပြီး မြန်မာပြည်သို ့ပြန်အရောက်တွင်လေဆိပ်မှပေးသော D-Formလိုပါသည်တဲ့။ ပြည်ပသို ့သွားရောက်ဖူးခြင်းမရှိသော မြန်မာလူမျိုးများအတွက်ကတော့ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်လက်မှတ်လိုအပ်ပါသည်တဲ့။ ကျွန်မသည် နိုင်ငံခြားကို သွားဘူးသောသူတစ်ယောက်မဟုတ်သလို ၊ ပြည်တွင်းတွင်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လက်မှတ်ကို လုပ်ဆောင်ထားသူ မဟုတ်ပါ။ ထို ့အတွက် ကျွန်မတပ်ခေါက်ပြီး ပြန်ခဲ့ရပါသည်။ ဒီကိစ္စမျိုးသည် မဖြစ်သင့်ပါ။ ဒေါ်လာသည် စိန်ထက်တောင် တန်ဖိုးရှိနေသည်လား။ လူတိုင်းပိုက်ဆံရှိလို့တောင် ကိုင်ခွင့်မရှိတော့ဘူးလား။ နောက်ဆုံးတော့ ကျွန်မသည် ထုံးစံအတိုင်း ဗိုလ်ချုပ်ဈေးကို ပြေးရပါတော့သည်။