ခြင် မကိုက်အောင် ခြင်ထောင် ထောင်ပြီးအိပ်တယ် လူပြော မခံရအောင် ဆင်ခြင်ပြီးနေတယ် … ဒါကို ‘လူလိမ္မာကြီး လုပ်နေတာပေါ့’ တဲ့ အဲ့ဒီလို ပြောခံရပါသေးတယ် ….. ကောင်းကင်ကြီး ငိုနေတယ် ပန်းလေးတွေ ပြုံးပျော်နေကြတယ် … အခြားငှက်တွေ အိပ်တန်းဝင်တယ် ဇီးကွက်တွေ နိုးထလာကြတယ် … သူများနေ ငိုနေချိန်မှာ ကိုယ် ပျော်ချင် ပျော်နေတတ်တယ် … သူများတွေ ပျော်နေချိန်မှာ ကိုယ် ငိုချင် ငိုနေရတတ်တယ် … အခြေအနေ အချိန်အခါအလျောက် ကိုယ့်လမ်းကို လျောက်နေကြသူခြင်း အတူတူ နေရာဝင်ယူသူတွေက ရှိတတ်ကြသေးတယ် ….. သွားရမယ့်ခရီးက ဝေးတယ် ကားကလည်း ကြပ်တယ် ကောင်မလေးတစ်ယောက် ဘေးနား လာရပ်တယ် ကျုပ် ထပေးလိုက်ပါတယ် … […]