Zaw WonnaSeptember 24, 20101min802
လေအားလျှပ်ထုတ်စက် အလုံး ၁၀ဝ ပါဝင်ပြီး တစ်နှစ်လျှင် အိမ်ခြေ ၂ သိန်းခန့်ကို လျှပ်စစ်စွမ်းအင် လုံလောက်စွာ ပေးနိုင်မည့် ကမ္ဘာ့ အကြီးဆုံး ကမ်းလွန် ပင်လယ်ပြင် လေအားလျှပ်စစ် ထုတ်လုပ်မှု လုပ်ငန်းကို စက်တင်ဘာလ ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ အရေးပါသော ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှု၏ ပဏာမခြေလှမ်း အဖြစ် ယခင် ဗြိတိန် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အင်္ဂလန်နိုင်ငံ တောင်ပိုင်းရှိ Kent ကမ်းခြေတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါလုပ်ငန်းကို ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြုပ်နှံထားသော ဆွီဒင် စွမ်းအင် ကုမ္ပဏီဖြစ်သည့် Vattenfall က လုပ်ကိုင်မည် ဖြစ်သည်။ ဗြိတိန် ရေပြင်သည် လေတိုက်နှုန်း မြင့်မားသည့် အတွက် လေအားလျှပ်စစ် […]