Khaing KhaingJuly 10, 20121min25731
ဒီနေ့ထွက်တဲ့ ကုမုဒြာဂျာနယ်လေးကို ဝယ်ဖတ်မိတော့ အထဲကစာသားများ ပုံများကိုကျွန်မမြင်ဖူးသလို ကြားဖူးသလို ဖြစ်မိတယ် ဒါနဲ့မန်းလေးအကြောင်းဆိုတော့ လေးပေါက်ကိုပဲ ပြေးသတိရမယ် ဟုတ်ပါတယ် လေးပေါက်ရဲ့ https://myanmargazette.net/135172/travel/photography-pictures-galleries-wallpapers-photo-tips ပို့စ်ထဲက စာသားလေးတွေပါ…. ကျွန်မရဲ့ မနေ့ကဖြစ်တဲ့အဖြစ်အပျက်ကလေးနဲ့တိုက်ဆိုင်တာပြောပြဦးပါမယ် ကျွန်မတို့ရုံးမှာ လစဉ်ကုမ္ပဏီနံမည်ကြော်ငြာပါတဲ့စာစောင်ကို လက်ခံရရှိပါတယ် …. ဘယ်တော့မှ ကျွန်မယူဖတ်လေ့မရှိပါဘူး အခြားDepartment က အမက စာစောင်ကိုအိမ်ကို ယူသွားပါတယ် အပြန်ကားပေါ်မှာ သင်္ဘောသားအကြောင်းပါတော့ ကျွန်မလည်းစိတ်ဝင်စားတော့ တောင်းဖတ်မိတယ် … တစ်ရွက်ပြီးတစ်ရွက်ဖတ်လာတာ ကျွန်မကုမ္ပဏီနံမည်ကြော်ငြာပါတဲ့ စာရွက်ရောက်တော့ အရှေ့ကိုလှန်ကြည့်မိတယ် အမဒီစာစောင်ဘယ်ကဝယ်တာလဲ ညီမတို့ Department ကစာစောင်နဲ့တူတယ်နော်လို့ပြောမှ အားလုံးကဝိုင်းဟားတာကိုခံရတယ် …… ကျွန်မရဲ့စာပေလေ့လာမှုနဲ့ပတ်ဝန်းကျင်လေ့လာမှုအားနည်းချက်တွေက အဲလိုပါ ….. ခုတော့ ဘာပဲပြောပြော သံချေးတက်နေတဲ့ ဦးနှောက်က အခုမန်းဂေဇက်ကြောင့် အလုပ်လုပ်နေပါပီ …… ရွာထဲကလူတွေကလည်း တကယ့်ကို […]