erosApril 24, 20111min370
ကားလမ်းပေါ်မှာ လမ်းဘေးမှာ စိုက်ထူထားသော ဘီလ်ဘုတ်ကြီးများ၊ ဆိုင်းဘုတ်များ လေပြင်းကြောင့်ပျံလွင့်လာခြင်း၊ ပြုတ်ကျလာခြင်း သို့မဟုတ် လမ်းဘေးသစ်ပင်များ ပြိုလဲလာခြင်းသည် ကြီးမားသော အန္တရာယ် ဖြစ်ပါသည်။ နီးစပ်ရာ ခိုင်ခံ့သော အဆောက်အအုံသို့ ပြေးဝင်ခိုလှုံပါ။ အိမ်ထဲမှာ ပြတင်းပေါက်မှန်များ ကွဲအက်ခြင်း၊ အပြင်မှအပျက်အစီးများ ပျံလွင့်လာသော အန္တရာယ်ရှိနိုင်ပါသည်။ တံခါးများကို လုံခြုံခိုင်ခံ့စွာ ပိတ်ထားပါ။ အိမ်ထဲတွင် နေနိုင်သလောက်နေပါ။ ကမ်းခြေအနီးအနားတွင် ရေလှိုင်းကြီးများ ဆွဲယူသွားသော အန္တရာယ်၊ ရေထဲသို့ ပြုတ်ကျနိုင်သော အန္တရာယ်ရှိပါသည်။ ကမ်းခြေမှဝေးရာသို့ တိမ်းရှောင်ပါ။ မြစ်ကမ်းနားတွင် မြစ်ကမ်းနားမှ ဝေးရာသို့ အလျင်အမြန်တိမ်းလျောင်ပါ။ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပျက်နိုင်ပါသည်။ ကားမောင်းနေစဉ် ရေအနည်းဆုံးနေရာဖြစ်သော လမ်းလည်မှ မောင်းပါ။ မြင့်သောနေရာသို့ ကားကိုမောင်းသွားပါ။ အကယ်၍ ရေကြောင့်ပျက်သွားပါက စက်ကို ထပ်မနှိုးပါနှင့်။ […]