ကျွန်တော် ၁ဝတန်းအောင်ပြီးလို့ တက္ကသိုလ် စတက်တဲ့အခါ အခက်အခဲတွေ ဆုံးရှုံးမှုတွေက အများကြီးပါပဲဗျာ ကျွန်တော်တက်ရတဲ့ တက္ကသိုလ်က အစိုးရနည်းပညာကောလိပ်တဲ့ဗျ ကျောင်းတွေကို မြို့ပြင်ထုတ်လိုက်တဲ့ စနစ်အရ မြို့ရဲ့တောင်ဘက်အစွန်အဖျားနားက ဆင်ခြေဖုန်းရပ်ကွက်လေးတစ်ခုမှာ နေတဲ့ ကျွန်တော်ဟာ မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ အိုးဘိုဆိုတဲ့ ရွာကလေးအတွင်းတည်ရှိတဲ့ ကျွန်တော့်ရဲ့ကျောင်းကို နေ့စဉ်အသွားအပြန်လုပ်ရတာကိုက သိပ်တော့ မလွယ်လှပါဘူး မနက်ခင်း ၆နာရီလောက်ထ ဖြီးလိမ်းပြင်ဆင်ပြီး ၆နာရီခွဲလောက်မှာ ထမင်းချိုင့်လေးကို လက်မှာဆွဲကာ နုံချာချာစက်ဘီးစုတ်လေးတစ်စီးနဲ့ ကျောင်းကိုသွားတဲ့ဖယ်ရီကားဂိတ်ရှိရာကို ခပ်သုတ်သုတ် ခရီးနှင်ရပါတော့တယ် ကျွန်တော့်ရဲ့ ထမင်းချိုင့်လေးအတွက် ကျွန်တော့်အမေခင်ဗျာမှာတော့ နေ့စဉ် ၅ နာရီလောက်ထပြီး ချက်ပြုတ်ပေးရရှာတာပေါ့ဗျာ ရ နာရီ ၁၅ မိနစ်လောက် ဖယ်ရီကားဂိတ်ကိုရောက်တဲ့အခါမှာတော့ ခပ်စုတ်စုတ် ချက်ပလက်ကားကြီးတွေရဲ့ နောက်မှီးစွန်းမှာ ခြေတစ်ချောင်းချစာနေရာလေးတစ်ကွက်၊ လက်တစ်ဆွဲစာ သံတိုင်တစ်နေရာလေးက ကျွန်တော့်ကို ကျောင်းအရောက် […]