ေရႊညာသားApril 19, 20121min25119
မြင်းခြံမြို့ပြည်သူ့ဆေးရုံက တာဝန်မဲ့ဆရာဝန် – ဆရာမတွေနဲ့ ဆရာဝန်ကြီးရဲ့လုပ်ရပ်   ရွှေညာသားရဲ့အသိတစ်ယောက် သတင်းပေးလို့ပါ။သင်္ကြန်းတွင်း အကျနေ့လောက်ကပါပဲ။ မြင်းခြံနားက နတ်ညွှန်းဆိုတဲ့ကျေးရွာက အစာအိမ်သွေးကြောပေါက်တဲ့ လူမမာတစ်ယောက်ကို ဆေးရုံလာတင်ပါတယ်။ ထုံးစံအတိုင်း တာဝန်ကျဆရာ/ဆရာမ တွေအကုန်လုံးဆောင့်ကြီးအောင့်ကြီးနဲ့ပါပဲ။ ဆရာဝန်တွေထက် Nurse မတွေကပိုဆိုးပါတယ်။ ဒီနောက် နေရာရဖို့ ဆေးရုံပေါ်ရောက်အောင် အမျိုးမျိုးသော ရစ်နည်းစုံမှဆေးဝါးကုသဖို့ အတွက်ကို နေရာရတာပါ။ဆရာဝန်တွေက Drip Set ချိတ်ပေးဖို့ညွှန်ကြားပါတယ်။ ဒီအခါမှာ Drip နှစ်လုံးလောက်ချိတ်အပြီးမှာ လူနာဟာ မခံမရပ်နိုင်အောင် အေးပြီးတုန်တတ် လာပါတယ်။ ပါးစပ်ကလည်း ချမ်းတယ် ၊ ချမ်းတယ်နဲ့အော်ဟစ်လာပါတယ်။ဒါကို လူနာစောင့်တွေ က တာဝန်ကျတဲ့ဆရာမကို သွားခေါ်တဲ့အခါမှာ ချမ်းတယ်ဆိုရင် စောင်ခြုံပေးထားလိုက် လို့ပြောပြီးတော့မှ လုံးဝလိုက်ကြည့်မပေးပါဘူး။ ခဏအကြာမှထပ်မံပြီးသွားခေါ်တော့လည်း လိုက်ကြည့်မပေးပါဘူး။ ခဏအကြာမှာ တော့  လူနာဟာ အသက်ပျောက်သွားပါတယ်။ […]