natureJuly 19, 20121min59930
N+ 200712 မြတ်စွာဘုရား၏ကျေးဇူးတရား ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ။ ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးပေ။ ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့ အမြတ်ရတနာ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း ကြိုးပမ်းကြပါလေ။ ရိုးရှင်းပြီး အင်မတန်အဓိပါယ်လေးနက်ပြည့်ဝတဲ့ ကဗျာလေးကို တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက စပ်ဆိုခဲ့တာလို့သိရပါတယ်။ https://myanmargazette.net/90448/creative-writing