Yin Nyine NwayJune 19, 20111min1379
အောက်ပါ အခြေအနေများ ဖြစ်လာပါက သင်၏အလုပ်က သင့်အပေါ် အကြီးအကျယ် ဖိအားဖြစ်နေပြီဟု ဆိုနိုင်သည်။ အမှုဆောင်အရာရှိ အစည်းအဝေးပြီးဆုံးခါနီးတွင် အိပ်ရာမှ နို်းလာခြင်း။ ရုံးတွင် သန့်ရှင်းရေးလာလုပ်သူများကို အခွန်ဌာနမှ လူများဟု ထင်မြင်ခြင်း။ တစ်ခုခုလုပ်ရန် စားပွဲမှ ထလိုက်သော်လည်း လုပ်ရမည့် အလုပ်ကို မေ့သွားခြင်း။ ရုံးတွင် သင့်ကို မည်သူမျှ ပြုံးမပြခြင်း။ ခေါင်းကိုက်ပျောက်ဆေးဝယ်ယူခြင်းကို ရုံးကုန်ကျစရိတ်ထဲ ထည့်သွင်းခြင်း။ အလုပ်ထွက်လိုသော်လည်း အလုပ်ခွင်ဖိအားကို ဆေးစွဲသလို စွဲနေခြင်း။ အလုပ်အတွက်စဉ်းစားရင်း ဘောပင်ကိုက်နေရမှ သွားပဲ့သွားခြင်း။ ဝင်လာသောဖုန်းတိုင်းကို “အမေလားဟင်” ဟုမေးမြန်းခြင်း။ သင်၏ဘော့စ်က သင့်ကို လူသားရင်းမြစ် ဖွံ့ဖြိုးရေးဝန်ဆောင်မှု တစ်ခုနှင့် တွေ့ပေးရန် ကြိုးစားနေခြင်း။