သားငယ္January 2, 20121min966
အောက်ခြေကလူတွေအတွက် သာမန်ပြည်သူတွေအဖို့က ဒီမိုကရေစီရဲ့ အရသာကို ဘာတစ်ခုမှ မခံစားကြရသေးဘဲ စနစ်ဟောင်းကအတိုင်း ဟိန်းဟောက်ခြိမ်းခြောက်ခံရ၊ လယ်မြေတွေ အသိမ်းခံရ၊ အမျိုးမျိုး လှည့်ပတ်ပြီး ပိုက်ဆံတောင်းတာခံရဆိုတာမျိုးတွေပဲ ကြုံတွေ့နေရလေတော့ အပြောင်းအလဲဆိုတာကို မယုံနိုင်အောင်ဖြစ်နေကြတယ်။ ဒီလို သိက္ခာကျစရာတွေနဲ့ သံသယဖြစ်စရာတွေ ပပျောက်သွားအောင် အမြန်ဆုံး လုပ်ဆောင်ဖို့လိုတယ်။ အောက်ခြေက လူတွေရဲ့ဘဝတွေပါ ပြောင်းလဲမှ ပြည်သူတွေက ယုံကြည်လာမှာပါ။ အဲဒီလိုဖြစ်ဖို့ အောက်ခြေဌာနဆိုင်ရာတွေက စပြီးပြုပြင်ဖို့ လိုပါတယ်။ အရေးယူ သင့်တာတွေကို ထိထိရောက်ရောက် လူသိရှင်ကြားအရေးယူဖို့ လိုပါတယ်။ သတင်းစာတွေ ဂျာနယ်တွေဖတ်ပြီး သိရသမျှကတော့ ဝမ်းသာစရာ၊ အားတက်စရာတွေချည်းပဲ။ ဒါပေမယ့် စိတ်မကောင်းစရာ သတင်းတွေကလည်း ကြားမြဲကြားနေရသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲရေးကိစ္စတွေလို ကိစ္စကြီးတွေက ပေါ်လစီရေးရာမို့ ချက်ချင်းအဖြေမထွက်နိုင်သေးတာကို နားလည်လို့ရတယ်။ ပေါ်လစီကိစ္စ၊ နိုင်ငံရေးကိစ္စမဟုတ်တဲ့ ကိစ္စရပ်တွေမှာ […]