ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။ ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် မိခင်နှင့်အတူအိပ်ပြီးအိပ်ရာထဲ၌သေးပေါက်လေ့ရှိပါသည်။ ထိုညတွင်ကား ဖခင်နှင့်အတူအိပ်ပြီးဆီသွားလို သဖြင့်နိုးလာကာ “ဖေဖေ..သေးပေါက်ချင်တယ်…“ ဟုပြောရာ ဖခင်က “ထပေါက်“ဟုပြန်ပြောပါသသည်.. ထိုညမှစပြီး ကျွန်တော်သည် အိပ်ရာထဲတွင် သေးမပေါက်တော့ပါ။ ။ မိုးလင်းသောအခါ ဘန်းကြီးထဲ၌သိပ်ထားသော ညီကလေးကို မြင်သဖြင့် ကိုင်ကြည့်မည်ပြုရာ အစ်ကိုကြီး ( ဦးဘဝင်း) က“ ဟေ့..မကိုင်နဲ့ လက်ပြတ်တယ်“ ဟုပြောသဖြင့် မကိုင်ဘဲ ကျွန်တော်လက်ကိုပြန်ဆုတ်လိုက်ပါသည်။ အစ်ကိုကြီးကား ဟက်ဟက် ပက်ပက် ရယ်ပစ်လိုက်ပါသည်.။ သို့တစေလည်း ကျွန်တော်သသည် ညီကလေးကို မကိုင်ရဲပဲ ဘေးမှ လှည့်ပတ်ကြည့်ရုံသာ ကြည့်ဝံ့ပါသည်။ ။ ညီကလေး တစ်နှစ်ကျော် အရွယ်ရောက်လာသောအခါ နာမည်ပေးရန်စဉ်းစားကြပါသည်။ကျွန်တော်က “ကျုပ်က အောင်သန်းဆိုတော့ သူက အောင်ဆန်းပေါ့ဗျာ“ […]