etoneAugust 31, 20101min20113
ဘဝမှာတိုးတက်အောင်မြင်တဲ့သူတစ်ေ ယာက်ဖြစ်ဖို့အတွက် ဘာလိုအရာတွေကအဓိကလိုအပ်သလဲ ? ကံ ၊ ဉာဏ် ၊ ဇွဲလုံ့လရှိမှု ဘယ်အရာက အဓိကကျမယ်လို့ထင်မိပါသလဲ ။ တစ်ကယ်တော့ ဘဝမှာတိုးတက်အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် ကံ လည်းလိုပါတယ်၊ ဉာဏ်ရှိဖို့လည်းလိုအပ်ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ အဓိကအကျဆုံးကတော့ ဇွဲ ဆိုတဲ့ မဆုတ်မနစ်နဲ ့လုပ်ဆောင် တတ်တဲ့စိတ်ဓာတ်ရှိဖို့က အဓိကကျပါတယ်။ ဘာလို ့လည်းဆိုတော့ ဉာဏ်မရှိပဲနဲ ့လည်း အောင်မြင်အောင်ဆောင်ရွက်နိုင်ပါတယ်။ ပုံပြင်ဥပမာလေး တစ်ခုနဲ ့ပြောရမယ်ဆိုရင်… ဟိုရှေးရှေးတုန်းက တက္ကသိုလ်ပြည်က ဒိသာပါမောက္ခကြီးတစ်ယောက်ဆီမှာ သူငယ်ချင်းနှစ်ယောက် တပည့်အဖြစ် ပညာသင်နေကြတယ်။ သူငယ်ချင်းနှစ်ယောက်ဆိုပေမယ့် တစ်ယောက်က ဉာဏ်ပညာထက်မြတ်တယ် ၊ ဒီတော့ဆရာကြီးက ပညာရပ်တွေအားလုံးသင်ပေးတာ ပညာရပ် ၁၈ မျိုးတောင်တက်တယ်ဆိုပဲ။ နောက်တစ်ယောက်ကတော့ ဉာဏ်မကောင်းတဲ့အတွက် ကြိုးစားပမ်းစား သင်ယူတာ ပညာရပ်တစ်ခုတည်း […]