manawphyulayAugust 16, 20101min610
နိုင်ငံတကာ စာမေးပွဲမှ မဟုတ်ပါဘူး။ ဘယ်စာမေးပွဲမဆို နည်းလမ်းသိရင် အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ အဲ ကြိုးစားမှုတော့ လိုတာပေါ့။ ကျွန်မ နားလည်ထားတဲ့ နည်းလမ်းကောင်းတွေကို ပြောပြမယ်နော်။ လိုက်နာ ကျင့်ကြံပြီး အောင်မြင်မှုကို လှမ်းတက်နိုင်ပါစေ။ (၁) ဖတ်ပါ။ ဖတ်ပါ ဆိုလိုက်လို့ သိပ်လွယ်လွန်းတယ်လို့တော့ မထင်ပါနဲ့။ သူများ ပြောမှလားဆိုတဲ့ အတွေးကိုလည်း မတွေးလိုက်ပါနဲ့ဦး။ စာများများ ဖတ်ထားခြင်းဖြင့် ဝေါဟာရများ ပိုကြွယ်လာပြီး စာဖတ်လည်း မြန်လာပါတယ်။ တကယ့် စာမေးပွဲမှာ စက္ကန့်တိုင်း အရေးပါပါတယ်။ (၂) ဖြေဆိုပုံ အဆင့်ဆင့်ကို သိထားပါ။ စာမေးပွဲတွင် ဖြေဆိုပုံ အဆင့်ဆင့်ကို အကျွမ်းတဝင် သိထားပါက အလွန်အဖိုးတန်တဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အချိန်ကို အလဟဿမဖြစ်စေခြင်းကြောင့် […]