moonpoemJanuary 27, 20131min22716
အလယ်တန်းလောက်မှ အစပြုရျ် အထက်တန်း ၊ တက္ကသိုလ် ကျောင်းသူကျောင်းသား ဘဝတွင် ကျွန်မတို ့သည် နွေရာသီကျောင်းပိတ်ရက်နီးတိုင်း သူငယ်ချင်းများနှင့် ခေတ္တ ခဏ ခွဲခွာရမည် ဖြစ်သောကြောင့် အမှတ်တရ တစ်ခုအနေဖြင့် အော်တို စာအုပ်လေးများတွင် စာရေးခိုင်းခဲ့ကြဘူးကြသည်။ ထိုအော်တိုစာအုပ်လေးတွင် မိဘကျေးဇူးဆပ်နိုင်သောသူ ဖြစ်ပါစေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ စသဖြင့် ဆုတောင်းပေးသည့် သူငယ်ချင်းများရှိကြသလို ၊ နောက်ပြောင်ကျီစယ်ကာ ဟာသမှတ်စုလေးများ ရေးပေးသည့် သူငယ်ချင်းလေးများလည်း ရှိကြသည်ကို အမှတ်ရမိဧ။် ။ အော်တိုစာအုပ်ရေးခိုင်းသည့် အကျင့်သည် မိမိထက် အတန်းကြီးသော အစ်ကိုကြီး၊အစ်မကြီးများ လုပ်ရာက အစပြုခဲ့လေသလား သို ့မဟုတ် သူငယ်ချင်းတစ်ယောက်က အစပြုခဲ့သည်လား မသိသော်လည်း ကျွန်မအထင် ကျွန်မသူငယ်ချင်း တော်တော်များများသည်လည်း အော်တိုရေးခိုင်းကြကိုတော့ ပြန်ပြောင်း အောင်းမေ့မိသည်။ ကျွန်မဘဝတွင်တော့ […]