manawphyulaySeptember 12, 20111min21914
ချစ်သူ… အရိပ်လေးမှာ ငြိမ်းအေးစွာနှင့် နားပါလှည့်လား ခရီးသွားဖော်ပျော်သလောက်လေ… ချစ်သူ… ဒီအရိပ်က ဂုဏ်ရွှေငွေ ဆိတ်သုန်း အပြုံးဝေဆာ အကြင်နာနှင့် မေတ္တာတွေသာ ပေါများတယ်… ချစ်သူ… စိတ်ကစားလို့ အရိပ်မှားပြီး မနားချင်လည်း သဘောပဲလေ ရှိစေတော့ကံ ဝေးဖို့ဖန်မှ ကျွန်မ ဖြေသိမ့်နေပါ့မယ်… ချစ်သူ… နားလိုက နား သွားလိုက သွား ပြန်လိုက ပြန် သံယောဇဉ်ပြတ်ချင်ပြတ် ကျွန်မကတော့… လွမ်းတတ်တယ်ရှင်… မနောဖြူလေး ခံစားရေးဖွဲ့သည်။