ကျွန်ုပ် ဦးကောင်း သည် ငယ်စဉ်အခါက လွန်စွာမှ ဆင်းဆင်းရဲရဲ နေခဲ့ရလေ၏။ ကျွန်ုပ်၏ မိဘနှစ်ပါးမှာ ဆင်းရဲလွန်းသဖြင့် ကျွန်ုပ်အား ကျောင်းထားနိုင်ခြင်း မရှိခဲ့ပေ။ သို့ရာတွင်မူ ရွာဦးကျောင်း ဆရာတော်ကြီး ဦးဓမ္မသာမိ၏ ကျေးဇူးကြောင့် ကျွန်ုပ်မှာ စာရေး၊ စာဖတ်ကို တတ်မြောက်ခွင့် ရခဲ့ပါ၏။ ဤသို့ ကျွန်ုပ်သည် ငယ်စဉ်ဘဝ ဆင်းရဲတွင်း နက်သည်ကို လွန်စွာ မကျေနပ်ရကား ငွေကြေး ပြည့်စုံ ချမ်းသာစေရန်အတွက် အလုပ်များအား ကြိုးစားလုပ်ကိုင်ခြင်း၊ ရရှိလာသော ငွေကြေးများအား အလေအလွင့် မဖြစ်စေဘဲ စုဆောင်း သိမ်းဆည်းခြင်း၊ စုမိသမျှ ငွေကြေးများဖြင့် ရောင်းဝယ်ဖောက်ကားခြင်း စသည့် လမ်းစဉ်အတိုင်း ကျင့်ကြံခဲ့လေရာ ယခုအခါတွင် ကျွန်ုပ်မှာ လူတန်းစေ့ နေနိုင်သော အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်လေ၏။ ကျွန်ုပ်သည် […]