panpanJuly 12, 20111min19714
ပြောရဦးမယ် လူတိုင်းက အကြွေကိစ္စတွေပဲပြောနေလို့ ၅၀၀ဝတန်လည်း ပြဿနာရှိတယ်ဆိုတာ ပြောရဦးမယ် ဟိုတလောက Victoria မှာဈေးသွားဝယ်တာ ကောင်တာမှာငွေရှင်းတော့ ၅၀၀ဝတန်ပေးလိုက်တာ အရမ်းနွမ်းနေတဲ့အရွက်လေးပေ့ါ အရမ်းနွမ်းတယ်ဆိုပေသည့် ၁၀ဝတန် ၂၀ဝတန်အနေနဲ့ဆိုရင် ခပ်လတ်လတ်အစားထဲ ပါပါတယ် ဒါပေမယ့် မယူဘူး၊ ပြန်လဲခိုင်းတယ်လေ ကျွန်မလည်းမေးတာပေ့ါ၊ ဘာလို့မယူတာလဲ၊ဒါလည်းပိုက်ဆံပဲဟာ၊ ပြဲစုတ်ရာလည်းပါတာမဟုတ်၊ တိတ်ကပ်ရာလည်း ပါတာမဟုတ် ဆိုတော့ ကောင်တာကဝန်ထမ်းက ပြန်ပြောတယ်၊ သူတို့သူဌေးက မယူဘူးတဲ့၊ သူတို့လည်း အရင်က အဲလို၅၀၀ဝတန်နွမ်းတာကို လက္ခံမိလို့ အိပ်ထဲကစိုက်ပေးလိုက်ရတယ်တဲ့၊ ၂ခါ၃ခါရှိပြီတဲ့၊ အဲဒါကြောင့်မယူတာတဲ့ ကောင်းပါလေရော…. အဲဒါနဲ့ ၅၀၀ဝတန်အသစ်ကျပ်ချွတ်တစ်ရွက်နဲ့ ပြန်လဲပေးလိုက်ရတယ် (၁၀၀ဝတန်ကုန်သွားလို့ 🙁 ) အိမ်ရောက်တော့ အဖေ့ကိုပြန်ပြောပြလိုက်တယ် အရမ်းနှမြောတယ်လို့၊ သုံးလို့မရရင် ဒုက္ခပဲလေ၊ ၅၀၀ဝကြီးများတောင် အဖေက သုံးလို့ရပါတယ်ပြောလို့ အိမ်နားကဖုန်းဆိုင်မှာ အဲ့ပိုက်ဆံနဲ့ Pre-paid […]