ကျွန်တော်ရဲ့ အိမ်နီးနားချင်း သူငယ်ချင်းက အလွန် ညာတတ်ပါတယ်။ ဒါကြောင့် တစ်ပတ်တွင် တစ်ရက်တည်းသာ သူက အမှန် ကို ပြောပါတယ်။ တစ်နေ့တွင် သူက ကျွန်တော်ကို ပြောပါတယ်။ “ငါက တနင်္လာနေ့ နဲ့ အင်္ဂါနေ့ တိုင်း မှာ ညာတယ်။” နောက်တစ်နေ့တွင် သူက ပြောပါတယ်။ “ယနေ့က ကြာသပတေးနေ့ ဒါမှမဟုတ် စနေနေ့ ဒါမှမဟုတ် တနင်္ဂနွေနေ့ ဖြစ်တယ်” နောက်တစ်နေ့တွင် သူက ပြောပြန်ပါတယ်။ “ငါက ဗုဒ္ဓဟူးနေ့ နဲ့ သောကြာနေ့ တိုင်း ညာတယ်။” ရက်သီးတင်ပတ်ရဲ့ မည်သည့်နေ့တွင် ကျွန်တော့် အိမ်နီးနားချင်း သူငယ်ချင်းက အမှန်ကို ပြောတာလဲ??? (စိတ်ဝင်းစားတယ်ဆိုပါက အဖြေကို Comment တွင် ရေးပေးနိုင်ပါတယ်။ အဲဒါဆိုရင် […]


အောက်ပါ မေးခွန်းလေးကို ဖြေကြည့်လိုက်ကြရအောင်။  စိတ်ဝင်စားတယ်ဆိုရင် ပါဝင်ကစားကြည့်ကြစို့။ ယခုလက ဘယ်လ ဖြစ်မလဲ။ လွန်ခဲ့တဲ့ လရဲ့ နောက်ဆုံး တနင်္လာနေ့ နေ့စွဲနဲ့ နောက်လ ပထမဦးဆုံး ကြာသပသေးနေ့ နေ့စွဲ ပေါင်းခြင်းက ၃၈ ရက် ရတယ်ဆိုရင် ခုလက ဘာလ ဖြစ်မလဲ။ ဥပမာ      ယခုလက ဖေဖော်ဝါရီ လဆိုရင် ဇန်နဝါရီလရဲ့ နောက်ဆုံး တနင်္လာနေ့ နေ့စွဲနဲ့ မတ်လရဲ့ ပထမဆုံး ကြာသပသေးနေ့ နေ့စွဲ ပေါင်းခြင်းက ၃၈ ရက် ရတယ်။ ဒါက ဥပမာ ပြောတာပါ။ ( အဖြေကို Comment တွင် ရေးပေးနိုင်ပါတယ်။ မှန်လား မှားလားဆိုတာကို Mail ကနေ ပြန်ပို့လိုက်ပါမယ်။)