manawphyulayJune 11, 20111min591
ကျွန်မ စာမရေးတာ အတော်ကြာပါပြီ။ စိတ်ထဲမှာ ရေးစရာတွေ တစ်ပုံတစ်ခေါင်းကြီးရှိပေမယ့် အပြင်မထုတ်ချင်တာလည်း ပါပါတယ်။ ဒါပေမယ့် တချို့အကြောင်းအရာတွေက ရင်ထဲမှာ သိမ်းထားမိရင် မသိမမြင် မကြုံဖူးတဲ့သူတွေရှိနေကြမယ့်သူတွေအတွက် ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ လူဆိုတာ အပြစ်အနာ အဆာ ကင်းနိုင်ကြတာမှ မဟုတ်တာ။ လူတိုင်းမှာ ကောင်းကွက်လေးတွေရှိသလို ဆိုးကွက်တွေလည်း ရှိကြမှာပါ။ အဆိုးအကောင်းဆိုတာ အမြဲဒွန်တွဲလေ့ရှိပါတယ်။ တစ်ခါတလေ တစ်ဖက်သတ်အမြင်နဲ့ ဆုံးဖြတ်တတ်ကြတဲ့ လူတွေလည်း သင် တွေ့ဖူးချင် တွေ့ဖူးမှာပါ။ အဲလိုအချိန်ကျရင် သင့်စိတ်ထဲ ဘယ်လိုခံစားမိပါသလဲ။ လူတွေစိတ်ကလည်း တစ်မျိုးပဲနော်။ လူတစ်ယောက်ကို မကောင်းမြင်ပြီဆိုရင် ဒီလူတစ်ယောက် ဘယ်လောက်ပဲလုပ်ပေးခဲ့၊ လုပ်ပေးခဲ့ အကောင်းမမြင်တော့ဘူး။ ဘာတွေဘယ်လိုပဲ အမြင်ကြည်လင်အောင် ဆောင်ရွက်ပေးပေး ဒီလူကို မျက်စိဒေါင့်ထောက်ကြည့်ပြီး ဟိုဟာ အပြစ်မြင် ဒီဟာ အပြစ်မြင်တတ်တဲ့ လူတွေကိုကော တွေ့ခဲ့ဖူးပါသလား။ […]