manawphyulayAugust 2, 20111min22725
*** လူတစ်ယောက်ကို ကံကောင်းစေတဲ့စိတ်ဆိုတာ စိတ်ကို ကောင်းအောင် ကြိုးစားချင်တဲ့စိတ်ပါပဲ။ *** မိမိအရည်အချင်းကို အသုံးမပြုဘဲ ထားချင်သောစိတ်သည် အပြင်ရန်သူထက် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။ *** သင်လိုချင်သော်လည်း အလွယ်တကူမရနိုင်သည်မှာ ပျော်ရွှင်ခြင်းဖြစ်၏။ သင်မလိုချင်သော်လည်း အလွယ်တကူရနိုင်သောအရာမှာ ဝမ်းနည်းခြင်းပင် ဖြစ်သည်။ *** အနာဂတ်ကာလ၏ လျောက်ရမယ့်လမ်းကို အကောင်းဆုံးထုဆစ်ပေးနိုင်သူမှာ အတိတ်ဘဝ၌ ကျန်ခဲ့သော မှားယွင်းမှုများပင် ဖြစ်သည်။ :e ***ပျားရည်လို ချိုမြိန်သော အချစ်၊ ပန်းတစ်ပွင့်လို လှပသောဘဝ ထိုနှစ်ခုကို ဆုံစည်းဖို့ နှလုံးသားကို လမ်းခင်းပေးပါ။ ****ကံကောင်းချင်သူများကတော့ သူတို့ ရွေးချယ်ထားသောအလုပ်ကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းအောင် လုပ်ကြတယ်။ ကံမကောင်းသူများကတော့ အလုပ်တစ်ခုမှတစ်ခုသို့ အလွယ်တကူ ပြောင်းလဲလေ့ရှိကြသည်။ စာဖတ်သူကော ဘယ်ထဲမှာ ပါဝင်နေသလဲဟင်…. ဒါလေးတွေ ဖတ်ဖြစ်ခဲ့မယ်ဆိုရင်တော့ […]