unclegyi1974October 31, 20101min1829
လူတယောက်ရဲ့ဘဝမှာ ဘယ်နှစ်ခါလောက်များသွားနဲ့ပတ်သက်ပြီး ဒုက္ခပေးဖူးပါသလဲ မှတ်တမ်းမှတ်ထားတာများဖတ်ဖူးပါသလား ကျွန်တော်ရဲ့ဘဝမှာတော့ ၃ ခါတိတိမှတ်မှတ်ရရ ဖြစ်ဖူးပါတယ် ပထမအကြိမ် အသက်  ၈ နှစ်ဝန်းကျင်ကပါ သွားနဲ့ပတ်သက်လို့လဲ အဲဒီအချိန်တုန်းက အခုခေတ်လိုပညာပေးတွေဘာတွေသိပ် မရှိသေးပါဘူး သွားတိုက်ရမယ်ဆိုတာဘဲသိတာပါ ညအိပ်ရာဝင်တခါတိုက်စံနစ်ဘဲရှိပါတယ် ကလေးအရွယ်လဲဖြစ် လူကြီးမိဘကလဲသိပ်မပြောဆိုတော့ ညအိပ်ရာဝင်တခါတောင်မှန်အောင်မတိုက်တော့ အံသွား ပိုးစားပါလေရော အမေက  ဲငယ်သွားဘဲကိစ္စမရှိဖူးငယ် သွားလဲမှာဘဲဆိုပြီးထားထားလိုက်တာ ပိုးပေါက်ကြီးကသာ ကြီးလာတာ လဲရမယ့်သွားကတုတ်တုတ်တောင်မလှုပ် သွားကနာလှပြီ ဘယ်လိုမှမနေနိုင်တော့ဘူး ဒီတော့မှအမေကစဉ့်အိုးတန်းမှတ်ပါတယ် တရုပ်တန်းကတော့သေချာပါတယ် သွားဆေးခန်းကိုခေါ်သွားပါတယ် အဲဒီမှာဘဝအမှတ်တရဖြစ်ပါလေရောလား ဆရာဝန်ကထုံဆေးနဲ့နုတ်ပေးမယ်လုံးဝမနာဘူးလို့ပြောပါတယ် နောက်ထုံဆေးထိုးပေးမယ်ဆိုပြီး ပါးစပ်ထဲဆေးထိုးအပ်နဲ့ ထိုးတော့ထာပါဘဲ ထိုးပြီးခဏစောင့်လိုက်ပါတယ် နောက် ရပြီဆိုပြီးပါးစပ်ဟခိုင်းပြီးသွားနှုတ်တော့တာပါဘဲ အဲဒီမှာပြသနာစတာပါဘဲ ကျွန်တော်ကဘာမှမထုံသေး ဆရာကသွားကိုအတင်းဆွဲနှတ်ဆိုတော့စဉ်းစားသာကြည့် ကြပေါ့ဗျာကျွန်တော်ကအတင်းအော်တော့ ဆရာက ကလေးကြောက်လို့အော်တာပါ လုံးဝမနာပါဘူးလို့အမေက်ို ပြောတာကိုးဗျ ကြီးမှသေချာပြန်စဉ်းစားကြည့်တယ် ထုံဆေးကိုမပါတာပါ ဒုတိယအကြိမ် နောက်တခါက်အသက်၁၈နှစ်ဝန်းကျင်ပါ ဘယ်ဖက်အောက်သွားတချောင်းပိုးစားပါလေရော […]