koyin sithuOctober 23, 20131min30011
ချစ်သူ … လူတစ်ယောက်ဟာ ပန်းတစ်ပွင့် မဟုတ်နိုင်ဘူး၊ သို့ပေမဲ့ မင်းဟာ ငါ့အတွက် ပန်းတစ်ပွင့်၊ လူတစ်ယောက်ဟာ မီးလျှံတစ်ခု မဟုတ်နိုင်ဘူး၊ ဒါပေမဲ့ မင်းကတော့ ငါ့နှလုံးသားကို   လောင်ကျွမ်းစေတဲ့ မီးလျှံ၊ ငါ့နှလုံးသားကတော့ မီးလောင်နေတဲ့ တောင်တန်း။ ငါ့တစ်ကိုယ်လုံးဟာ မင်းကျွေးသမျှ မီးလျှံတွေကို စားရတဲ့ သံတွေခဲတစ်ခု…။ ချစ်သူ … အချစ်အတွက် အသက်စွန့်ကြသတဲ့။ ဘုရားသခင်အတွက်၊ ဘုရင်မင်းမြတ်အတွက်၊ ယုံကြည်မှုအတွက် လူတွေဟာ အသက်ကို စွန့်ကြသတဲ့။ ဒါပေမယ့် ချစ်သူ… မင်းနဲ့ ပတ်သက်လို့ကတော့ စက္ကန့်တိုင်းကိုပဲ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ငါပါ။ မင်းပူဆွေးသောက   ရောက်နေပါရဲ့ ဆိုတဲ့ အချိန်မျိုးမှာတောင် မင်းရဲ့ အလိုရမ္မက်ကို ငါ အသေအချာ   မြင်နိုင်ခဲ့ရဲ့။ လူအဖွဲ့အစည်း […]