Kaung Kin PyarOctober 17, 20131min15813
အားလုံး သိတဲ့အတိုင်းပါပဲ..။ တွံတေး ပရဟိတမိဘမဲ့ကျောင်းမှာ ခလေးတွေ ၆၀ဝရာကျော်ရှိတာပါ..။ ခု မိုးတွင်းလဲ ဖြစ်တော့ သူတို့အဝတ်တွေက မခြောက်တော့ ဝတ်စရာကမရှိ၊ မခြောက်တစ်ခြောက်ကိုပဲ ဖြစ်သလိုဝတ်တော့ ဖားဥတွေစွဲ၊ နေမကောင်းတွေဖြစ်၊ အရေပြား မှိုစွဲတာနဲ့ ကြားရတာ တစ်ကယ် စိတ်မကောင်းပါဘူး..။ ကောင်းကင်ပြာအဝတ်တွေရော၊ နီးစပ်ရာတွေမှာ အလှူခံပြီး အဝတ်တွေ ကျောင်းသွားပို့ချင်စိတ် အရမ်းဖြစ်ပါတယ်..။ ဒါပေမယ့် တစ်ခုခက်တာက ကောင်းကင်ပြာ အသိတွေကိုလဲ အလှူခံပြီး၊ ကိုယ်တိုင်လဲ ဘီရိုဖွပြီး၊ မိဘနဲ့ ဆွေမျိုးတွေကိုလဲ မဲဆွယ် အတင်းဝင်ရောက် နှောင့်ယှက်ယူငင်အနုကြမ်းစီးပြီးနောက်…………………. ကောင်းကင်ပြာလဲ လက်ချမီးမဟုတ်နေတော့ အဲ့အထုတ်တွေနဲ့ ဘယ်လိုခရီးဆက်ရမှန်း မသိဖြစ်နေပါတယ်.။ ရုံးက သွားဖြစ်ရင်တော့ ရုံးက ကားနဲ့ အဆင်ပြေတယ်ရှင်။ ခု ရုံးမှာ စုံစမ်းကြည့်တော့ အစီအစဉ်က မရှိနေသေးပါဘူး..။ ကိုယ်တိုင်ကားငှားသွားဖို့ကျတော့လဲ […]